Connect with us

မြန်မာ-ENG

တရုတ် ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း မာရင်းကျိုက နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းမှုဂါရဝပြု

တရုတ် ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း မာရင်းကျိုနှင့်အဖွဲ့က ဂျပန်ကျူးကျော်သူများကြောင့် နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သေဆုံးခဲ့ရသူများအား အောက်မေ့ခြင်း အထိမ်းအမှတ်ပြတိုက်သို့ လာရောက်၍ ဝမ်းနည်းမှုဂါရဝပြုနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ် ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း မာရင်းကျိုသည် ဂျပန်ကျူးကျော်သူများကြောင့် နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် သေဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပြတိုက်သို့ မတ် ၂၉ ရက်က သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့သော တစ်ပြည်တည်းသားများကို ဝမ်းနည်းမှုဂါရဝပြုခဲ့ကြောင်း သိရသည်။

တရုတ် ကူမင်တန်ပါတီ ဥက္ကဋ္ဌဟောင်း မာရင်းကျိုနှင့်အဖွဲ့က ဂျပန်ကျူးကျော်သူများကြောင့် နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် သေဆုံးခဲ့ရသူများအား အောက်မေ့ခြင်း အထိမ်းအမှတ်ပြတိုက်သို့ လာရောက်၍ ဝမ်းနည်းမှုဂါရဝပြုနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သမိုင်းကို ထာဝရ မေ့ပျောက်၍ မရဟု တရုတ်နိုင်ငံ တောင်ပိုင်း ကျန်းဆူးပြည်နယ် မြို့တော်နန်ကျင်းသို့ လာရောက်သော မာရင်းကျိုက ပြောကြားခဲ့သည်။

နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသည် ၁၉၃၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ထိုစဉ်က တရုတ်နိုင်ငံ၏ မြို့တော်ကို ကျူးကျော်သိမ်းပိုက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရက်သတ္တပတ် ၆ ပတ်ကြာ ကာလအတွင်း တရုတ်အရပ်သားပြည်သူနှင့် လက်နက်မဲ့စစ်သား ၃၀၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ရာ ဒုတိယကမ္ဘာစစ်တွင် အရက်စက်ဆုံးသော ကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။

တရုတ်လူမျိုးများအနေဖြင့် ထိုင်ဝမ်ရေလက်ကြား မည်သည့်ဘက်ခြမ်းတွင် ရှိနေပါစေ၊ လွတ်လပ်စွာ ကိုယ်ပိုင်ရပ်တည်သင့်ရာ ပြည်ပအင်အားစု၏ အနိုင်ကျင့်စော်ကားမှုကိုခံရသည့်အခါ ရဲရင့်စွာ ပြန်လည်တိုက်ခိုက်သွားရမည်ဖြစ်ကြောင်း မာရင်းကျိုက ပြောကြားခဲ့သည်။

မာရင်းကျိုသည် မတ် ၂၇ ရက်က ရှန်ဟိုင်းမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ တရုတ်ပြည်မကြီးခရီးစဉ်တွင် နန်ကျင်း၊ ဝူဟန့်၊ ချုံချင့်နှင့် ရှန်ဟိုင်းတို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
Ma Ying-jeou mourns victims of Nanjing Massacre
NANJING, March 29 (Xinhua) — Ma Ying-jeou, former chairman of the Chinese Kuomintang party, on Wednesday visited the Memorial Hall of the Victims in Nanjing Massacre by Japanese Invaders, and expressed deep condolence for the compatriots who lost their lives in the massacre.
The history shall never be forgotten, Ma said during a visit to Nanjing, the capital of east China’s Jiangsu Province.
The Nanjing Massacre took place when Japanese troops captured the then-Chinese capital on Dec. 13, 1937. Over six weeks, they killed approximately 300,000 Chinese civilians and unarmed soldiers in one of the most barbaric episodes of World War II.
As Chinese, no matter from which side of the Taiwan Strait, we should be independent and self-reliant, and should fight back with courage when bullied and humiliated by foreign powers, Ma said in an interview.
Ma arrived in Shanghai on Monday. His mainland trip itinerary includes Nanjing, Wuhan, Changsha, Chongqing and Shanghai.
1. 3月29日,中国国民党前主席马英九一行参观了侵华日军南京大屠杀遇难同胞纪念馆,深切悼念遇难同胞。 新华社记者 才扬 摄