Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းတို့ ပေကျင်းမြို့တော်၌ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းတို့ ပေကျင်းမြို့တော်၌ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ပေကျင်းမြို့၌ မတ် ၃၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် တိုးတက်၍ မဟာဗျူဟာကျပြီး ပွင့်လင်းမှုရှိကြောင်း၊ နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်ခြင်းကို ခိုင်မာစွာ မြှင့်တင်ပေးသည်သာမက ဒေသတွင်းရှိ နိုင်ငံများအတွက်လည်း စံနမူနာဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

လီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အားလုံးပါဝင်၍ အရည်အသွေးမြင့်မားသော အနာဂတ်မျှော်လင့်ချက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက တရုတ်နိုင်ငံ၏ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုကို အခိုင်အမာယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ခိုင်ခံ့သောလမ်းကြောင်း၌ ဆက်လက်တိုးတက်နေမည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် စင်ကာပူနိုင်ငံနှင့် အခြားအိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
Xi meets Singaporean PM
BEIJING, March 31 (Xinhua) — Chinese President Xi Jinping met with Singaporean Prime Minister Lee Hsien Loong in Beijing on Friday.
Hailing China and Singapore as important partners of cooperation, Xi said the bilateral relationship is forward-looking, strategic and demonstrative, and has not only given a strong boost to the development and rejuvenation of the two countries, but also set a benchmark for countries in the region.
He noted that during Lee’s visit, the two sides elevated bilateral ties to an all-round high-quality future-oriented partnership.
Prime Minister Lee expressed strong confidence in the resilience of the Chinese economy, and said he believes the economy will continue to grow in a sound way.
He said Singapore and other neighboring countries look forward to further deepening economic cooperation with China.
Photo 1, 2- Chinese President Xi Jinping meets with Singaporean Prime Minister Lee Hsien Loong in Beijing, capital of China, March 31, 2023. (Xinhua/Ding Haitao)