Connect with us

China

တရုတ်နှင့် ဂျပန် ပင်လယ်ရေကြောင်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်

ဂျပန်နိုင်ငံ Sendai မြို့တွင် ၉ ကြိမ်မြောက် ပင်လယ်ရေကြောင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးညှိနှိုင်းပွဲ တက်ရောက်နေသော တရုတ်နှင့် ဂျပန် ကိုယ်စားလှယ်များကို ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ၁၅ ကြိမ်မြောက် ပင်လယ်ရေကြောင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို တိုကျိုမြို့တွင် ဧပြီ ၁၀ ရက်က ပြုလုပ်ခဲ့ပြီး ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၄၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။

အရှေ့တရုတ်ပင်လယ်ကို ငြိမ်းချမ်းသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ချစ်ကြည်ရင်းနှီးမှုရှိသော ပင်လယ်အဖြစ် တည်ဆောက်ရန် ခေတ်သစ်၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော တရုတ်-ဂျပန် ဆက်ဆံရေးကို မြှင့်တင်တည်ဆောက်သွားရမည်ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံတို့သည် ပင်လယ်ရေကြောင်း သုတေသနနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ နယ်မြေဖြတ်ကျော် ပင်လယ်ရေကြောင်းပြစ်မှုနှင့် တရားမဝင်ငါးဖမ်းမှု တိုက်ဖျက်ရေးနှင့် ပင်လယ်တွင်း ပလပ်စတစ်အမှိုက်များ ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံတို့က ယခုနှစ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်-ဂျပန် ပင်လယ်ရေကြောင်းဆိုင်ရာ ၁၆ ကြိမ်မြောက် အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရေးအတွက်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
China, Japan hold high-level consultations on maritime affairs
TOKYO, April 11 (Xinhua) — China and Japan held the 15th round of high-level consultations on maritime affairs in Tokyo on Monday, exchanging views on maritime affairs in an all-round and in-depth way.
This year marks the 45th anniversary of the signing of the China-Japan Treaty of Peace and Friendship.
In order to build the East China Sea into a sea of peace, cooperation and friendship, more work should be advanced to build China-Japan relations that meet the requirements of the new era.
The two sides decided to strengthen their collaboration in maritime search and rescue operations, combating transnational maritime crime and illicit fishing, and dealing with marine plastic waste.
Both sides also agreed in principle to hold the 16th round of high-level consultations on China-Japan maritime affairs within this year in China.
Photo: Chinese and Japanese delegates attend the ninth round of high-level consultations on maritime affairs in Sendai, Japan, April 19, 2018. (Xinhua/Ma Caoran)