Connect with us

China

တရုတ်နိုင်ငံက အာဖရိကနိုင်ငံများအတွက် “ကြွေးမြီထောင်ချောက်” အရင်းအမြစ်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြော

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ ယန်ဖုန်း မြို့နယ်ရှိ ပီလောပီနံစိုက်ခင်းတစ်ခုသို့ အာဖရိကမှ လာရောက်လေ့လာနေသူများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများအတွက် “ကြွေးမြီထောင်ချောက်” အရင်းအမြစ်မဟုတ်ကြောင်း၊ အာဖရိကနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကို “ဆင်းရဲနွမ်းပါးမှု ထောင်ချောက်” မှ လွတ်မြောက်စေရန် ကူညီပေးသော မိတ်ဖက်သာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၀ ရက်၌ ပြောကြားခဲ့သည်။

အာဖရိက၏ ကြွေးမြီအရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ အဆင့်မြင့်တာဝန်ရှိသူအချို့နှင့် ကမ္ဘာ့ဘဏ်တာဝန်ရှိသူအချို့က တရုတ်နိုင်ငံအပေါ် စွပ်စွဲချက်များကို ပြန်လည်တုံ့ပြန်ရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ဒီလိုစွပ်စွဲချက်တွေက အဖြစ်မှန်ကိုအခြေခံထားတာမဟုတ်ပါဘူး”ဟု ဝမ်က ဆိုသည်။ “တရုတ်နိုင်ငံအနေနဲ့ အာဖရိကရဲ့ ကြွေးမြီကိစ္စက အရေးကြီးတယ်လို့ သဘောထားပြီး ဒါကိုဖြေရှင်းဖို့ အာဖရိကနိုင်ငံတွေကို အကူအညီပေးနေပါတယ်။ တရုတ်က ကြွေးမြီဆိုင်းငံ့ခြင်းအစီအစဉ် (DSSI) ကို အခြား G20 အဖွဲ့ဝင်နိုင်ငံတွေထက် ပိုပြီးတော့ ပံ့ပိုးပေးထားပါတယ်”
တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးမှုများပေးရန် အစဉ်အမြဲကတိပြုထားကြောင်း ဝမ်က ဆိုသည်။ (Xinhua)

………………………………………………
(English Version)
China not source of “debt trap” for African nations: FM spokesperson
BEIJING, April 10 (Xinhua) — China is not the source of African countries’ “debt trap,” but a partner to help them and other developing countries to escape the “poverty trap,” a spokesperson for the Chinese foreign ministry said Monday.
Spokesperson Wang Wenbin made the remarks in response to accusations levelled against China by some senior U.S. officials and World Bank officials regarding Africa’s debt issue.
“Those accusations have no factual basis,” Wang said. “China attaches great importance to Africa’s debt issue and helps African countries to cope with it. China has contributed more to the Debt Service Suspension Initiative (DSSI) than any other Group of 20 (G20) members.”
China has always been committed to providing support for the economic and social development of developing countries, including African countries, Wang said.
Photo: African learners visit a cassava field in Yanfeng Town, Haikou City of south China’s Hainan Province, Sept. 9, 2019. (Xinhua/Guo Cheng)