Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ထိုင်ဝမ်ကျွန်းပတ်လည်ဝိုင်း တိုက်ပွဲ အသင့်ပြင် ကင်းလှည့်ခြင်းနှင့်စစ်ရေးလေ့ကျင့်မှု အောင်မြင်စွာ ပြီးစီး

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တိုက်လေယာဉ် J-15 ဆန်းတုန်းလေယာဉ်တင် သင်္ဘောမှ ပျံတက်သွားသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နန်ကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် စစ်ရေးလေ့ကျင့်မှုမတိုင်မီ ညပိုင်းတွင် ဒုံးပျံတပ်ဖွဲ့ ၏ ပြင်ဆင်မှုများအား ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ကြည်းတပ် အမြောက်တပ်ဖွဲ့ ကျည်ဆန်ထည့်နေသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် အမြောက်တပ်ဖွဲ့မှ ထိုင်ဝမ်ကျွန်းနှင့် အနီးတစ်ဝိုက်ပင်လယ်ပြင်ရှိ အချက်အချာကျသောပစ်မှတ်များအား အတိအကျပစ်ခတ်ရေး လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တိုက်လေယာဉ်တစ်စင်း ကျည်ဆန်ထည့်ကာ ပျံသန်းသွားသည်ကို ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တိုက်လေယာဉ်တစ်စင်း လေထဲတွင် ပျံသန်းနေသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တိုက်လေယာဉ်တစ်စင်း လေထဲတွင် လောင်စာဆီဖြည့်နေသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သော ဒုံးပျံတပ်ဖွဲ့၏ အသင့်အနေအထားဖြစ်မှုကို ဧပြီ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တိုက်လေယာဉ် J-15 ဆန်းတုန်းလေယာဉ်တင် သင်္ဘောမှ စတင်ပျံသန်းရန် ပြင်ဆင်နေသည်ကို ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ်သည် ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ထိုင်ဝမ်ကျွန်းပတ်လည်ဝိုင်း တိုက်ပွဲအသင့်ပြင်ကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအသီးသီး အောင်မြင်စွာ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် လက်တွေ့စစ်မြေပြင် အခြေအနေမျိုး၌ တပ်ဖွဲ့ပေါင်းစုံ တစ်သားတည်း ပူးတွဲ စစ်ဆင်ရေးလုပ်နိုင်စွမ်းကို ဘက်စုံ စစ်ဆေးနိုင်ခဲ့သည်။

ယခုအကြိမ် စစ်ရေးဟန့်တားဖိအားပေးလှုပ်ရှားမှုတွင် တပ်ဖွဲ့များက အမိန့်နှင့်တစ်ပြေးညီလှုပ်ရှားနိုင်သလို အမိန့်အတိုင်း ပစ်ခတ်နိုင်ခြင်း၊ ရာသီဥတုမရွေး ဘက်စုံ ကျွန်းပတ်လည်ဝိုင်း ချဉ်းကပ်နိုင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ပူးတွဲစစ်ဆင်ရေးစနစ်တွင် ထိန်းချုပ်နိုင်မှုကို ရယူနိုင်ခြင်း၊ ပစ်မှတ်အတိအကျ ပစ်ခတ်နိုင်ခြင်း၊ သုံးဘက်ပိတ်ဆို့ ထိန်းချုပ်နိုင်စွမ်းများကို စစ်ဆေးနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ပူးတွဲစစ်ဦးစီးဌာန ဒုတိယအကြီးအကဲ လေတပ် အဆင့်မြင့် ဗိုလ်မှူးကြီး ကျန်းပန်မင်က ပြောကြားခဲ့သည်။ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးနှင့်ပြည်ပ စွက်ဖက်မည့် ကြိုးပမ်းမှုအကြံအစည်များကို အခိုင်အမာချေမှုန်းသွားရန် အချိန်ပြည့် အသင့်အနေအထားတွင် ရှိနေပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကာ အနိုင်ရယူမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(Chinese Version)
(军事)东部战区圆满完成环台岛战备警巡和“联合利剑”演习
新华社南京4月10日电(记者李秉宣、韩学扬)中国人民解放军东部战区于4月8日至10日圆满完成环台岛战备警巡和“联合利剑”演习各项任务,全面检验了实战条件下部队多军兵种一体化联合作战能力。

东部战区联合参谋部某局副局长张本明空军大校表示,这次军事慑压行动,战区部队闻令而动、听令即打,全天候、多方向进逼围岛,全面检验了联合作战体系支撑下的夺取制权、精确打击、立体封控能力。战区部队全时待战、随时能战,坚决粉碎任何形式的“台独”分裂和外来干涉图谋,敢于斗争,敢于胜利。
1. 这是歼-15舰载机从海军山东舰起飞升空(4月9日摄)。新华社发(安妮 摄)
2. 这是演练前夜参演火箭军某部在进行转载导弹训练(4月7日摄)。新华社发(刘明松 摄)
3. 这是东部战区陆军某炮兵旅在进行弹药装填(4月9日摄)。新华社发(李振杰 摄)
4. 这是东部战区陆军某炮兵旅在对台岛及周边海域关键目标实施模拟精确打击(4月9日摄)。 新华社记者 韩学扬 摄
5. 这是歼击机挂弹起飞(4月8日摄)。新华社发(王紫箫 摄)
6. 这是战机在进行空中机动(4月9日摄)。 新华社发(梅少全 摄)
7. 这是战机在进行空中加油(4月9日摄,视频截图)。新华社发
8. 这是参演火箭军某部在起竖导弹(4月8日摄)。新华社发(刘明松 摄)
9. 这是歼-15舰载机准备从海军山东舰起飞(4月9日摄)。新华社发(安妮 摄)