Connect with us

NPC

၁၄ကြိမ်မြောက် NPC ပထမအစည်းအဝေးအတွင်း အကြံပြုချက်ပေါင်း ၈,၃၁၄ ခု တင်ပြခဲ့

ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

မတ်လတွင်ကျင်းပခဲ့သော တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ် ၂,၁၄၄ ဦးနှင့် ကိုယ်စားလှယ်အဖွဲ့ ၂၃ ဖွဲ့က အကြံပြုချက် ၈,၃၁၄ ချက်ကို တင်ပြခဲ့ကြသည်။

အကြံပြုချက်အားလုံး၏ ထက်ဝက်နီးပါးသည် ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ် ဖန်တီးခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ခြင်းတို့နှင့် ဆက်စပ်ကြောင်း၊ ၁၆ ရာခိုင်နှုန်းခန့်မှာ ပြည်သူများ၏ သုခချမ်းသာနှင့် လူမှုဘဝအရည်အသွေးအကြောင်းဖြစ်ကြောင်း၊ ၁၂ ရာခိုင်နှုန်းခန့်မှာ သိပ္ပံနှင့် ပညာရေးမှတစ်ဆင့် တရုတ်နိုင်ငံကို ပြန်လည်နိုးကြားစေရေး မဟာဗျူဟာနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်အားအတွက် အားကောင်းသော လုပ်သားအင်အား ဖော်ထုတ်ရေးနှင့် ဆက်စပ်မှုရှိကြောင်း ဧပြီ ၁၁ ရက်က ပေကျင်းမြို့တွင် ကျင်းပသော အဆိုပါ အကြံပြုချက်များအား ကိုင်တွယ်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ခုအရ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် NPC အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ လီဟုန်ကျုံးက အဆိုပါအကြံပြုချက်များအား ကိုင်တွယ်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာန ၂၀၄ ခုကို တာဝန်ပေးထားကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ ဌာနများအနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အရည်အသွေးမြင့်မားသော အကြံပြုချက်များကို မူဝါဒများနှင့် စီမံဆောင်ရွက်မှုများအဖြစ် ပြောင်းလဲရန် လီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

……………………………………………..
(English Version)
8,314 suggestions made during first session of 14th NPC
BEIJING, April 12 (Xinhua) — A total of 2,144 deputies and 23 delegations made 8,314 suggestions during the first session of the 14th National People’s Congress (NPC), China’s top legislature, in March.
Nearly half of all suggestions concerned the creation of a new development pattern and the promotion of high-quality development, about 16 percent were about the people’s well-being and quality of life, and approximately 12 percent were related to the strategy for invigorating China through science and education and the development of a strong workforce for the modernization drive, according to a meeting on the handling of these suggestions held in Beijing on Tuesday.
Li Hongzhong, a member of the Political Bureau of the Central Committee of the Communist Party of China and vice chairman of the NPC Standing Committee, said at the meeting that the handling of the suggestions has been assigned to 204 units.
Li urged the units to turn high-quality suggestions into policies and measures that facilitate reform and development. ■