Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက အိုရီဂါမီအသည်းပုံများကို အများဆုံးပြသမှုအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ ကျော်ကြားသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်၌ အိုရီဂါမီအသည်းပုံများကို ဖန်တီးပြသထားမှုအား ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဆီရမ်ရိ(ပ်)၊ ကမ္ဘောဒီးယား၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ အိုရီဂါမီ အသည်းပုံများ ခင်းကျင်းပြသခြင်းသည် ကမ္ဘာ့အကြီးဆုံး အိုရီဂါမီ အသည်းပုံများပြသခြင်းအဖြစ် ဧပြီ ၁၁ ရက်က ဂင်းနစ်မှတ်တမ်းများစာအုပ်တွင် ထည့်သွင်းခဲ့ပြီး ဗြိတိန်က ပြသခဲ့သည့် ယခင်စံချိန်ကို ချိုးခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အကဲဖြတ်သူတစ်ဦးက ကြေညာခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ ကျော်ကြားသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်၌ အိုရီဂါမီအသည်းပုံများကို ဖန်တီးပြသထားမှုအား ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ ကျော်ကြားသော အန်ကောရှေးဟောင်းသုတေသနဥယျာဉ်၌ အိုရီဂါမီအသည်းပုံများကို ဖန်တီးပြသထားမှုအား ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဇွန်လတွင် ကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) နှင့် ၁၂ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတို့ကို အားပေးထောက်ခံကြောင်း ပြသရန် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ နာမည်ကျော် အန်ကောရှေးဟောင်း သုတေသန ဥယျာဉ်၌ စက္ကူချပ်များခေါက်ထားသော အိုရီဂါမီအသည်းပုံအရေအတွက် ၄ သန်းနီးပါးကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ အိုရီဂါမီအသည်းပုံ စီမံကိန်းကို ကမ္ဘောဒီးယားဝန်ကြီးချုပ် တက်ချိုဟွန်ဆန်၏ အငယ်ဆုံးသား ဟွန်မန်နီ ဦးဆောင်သည့် Union of Youth Federations (UYFC) က အောင်မြင်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုစံချိန်သစ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ဗြိတိန်နိုင်ငံက ပြုလုပ်ခဲ့သော အိုရီဂါမီ အသည်းပုံ အရေအတွက် ၅၃,၇၀၄ ခုဖြင့် ရရှိခဲ့သော ယခင်ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန် အကဲဖြတ်လူကြီး Tomomi Sekioka ကပြောကြားသည်။ (Xinhua)

………………………………………………….
(English Version)

Cambodia breaks Guinness world record for largest display of origami hearts
SIEM REAP, Cambodia, April 12 (Xinhua) — Cambodia’s display of origami hearts was included in the Guinness Book of Records on Tuesday as the world’s largest show of origami hearts, breaking the previous record held by Britain, a Guinness World Records adjudicator announced.

The nearly 4 million origami hearts were displayed at the complex of the famed Angkor Archeological Park in northwest Cambodia’s Siem Reap province to show support for the 32nd Southeast Asian (SEA) Games in May and the 12th ASEAN Para Games in June.

The origami hearts project was achieved by the Union of Youth Federations of Cambodia (UYFC), which is led by Cambodian Prime Minister Samdech Techo Hun Sen’s youngest son Hun Many.
Guinness World Record official adjudicator Tomomi Sekioka said the new record beat the previous world record of the largest display of 53,704 origami hearts achieved by Britain on Feb. 9, 2019.
(1) (2) (3)Origami hearts are displayed at the complex of the famed Angkor Archeological Park in Siem Reap province, Cambodia on April 11, 2023. (Photo by Sao Khuth/Xinhua)