Connect with us

China

တောင်တရုတ်ပင်လယ်အရေးနှင့် ဆက်စပ်သော အမေရိကန်-ဖိလစ်ပိုင် ပူးတွဲကြေညာချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်

ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အမေရိကန်-ဖိလစ်ပိုင် ပူးတွဲကြေညာချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဧပြီ ၁၂ ရက်၌ ပြောကြားခဲ့သည်။

ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍မေးမြန်းချက်ကို ဝမ်က အထက်ပါအတိုင်း မှတ်ချက်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က ဧပြီလ ၁၁ ရက်တွင် ၂+၂ ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ၂၀၁၆ ခုနှစ် “အနုညာတ စီရင်ဆုံးဖြတ်ချက် ” ကို လိုက်နာရန် တရုတ်နိုင်ငံအား ပြောကြားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဝမ်က ဆိုသည်။

အဆိုပါကြေညာချက်တွင် အမေရိကန်သည် ဖိလစ်ပိုင်၌ စစ်အခြေစိုက်စခန်းသစ်များ လျင်မြန်စွာ ဖြန့်ကျက်ရေး နှစ်နိုင်ငံ တွန်းအားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အတွက် အမေရိကန်က ငွေကြေးပံ့ပိုးပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အာရှ-ပစိဖိတ်ဒေသသည် ဒေသတွင်းနိုင်ငံများ၏မိသားစုဥယျာဉ် ဖြစ်သည်ဟု တရုတ်နိုင်ငံ က အမြဲတမ်းယုံကြည်ကြောင်း ဝမ်က အလေးအနက်ပြောကြားခဲ့သည်။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် ဒေသတွင်းနိုင်ငံများ၏ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုပေါ်တွင် မူတည်ပြီး အဆိုပါဒေသ၏ လုံခြုံရေးကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝမ်ကဆိုသည်။ (Xinhua)

…………………………………………….
(English Version)
China strongly disapproves U.S.-Philippine joint statement concerning South China Sea: spokesperson
BEIJING, April 12 (Xinhua) — Chinese foreign ministry spokesperson Wang Wenbin on Wednesday said China is gravely concerned over and strongly disapproves the joint statement of the United States and the Philippines concerning the South China Sea.
Wang made the remarks at a regular press briefing when answering a relevant query.
Wang said that on April 11, the Philippines and the U.S. held the 2+2 Ministerial Dialogue and issued a joint statement, which called on China to comply with the 2016 “Arbitral Award” on the South China Sea.
The statement also mentioned that the two countries will support swift operationalization of the new sites for military bases under the Enhanced Defense Cooperation Agreement and that the U.S. will provide financial support for this.
Wang stressed that China always believes that the Asia-Pacific is the common home of countries in the region. The region’s peace and stability hinges on trust, solidarity and cooperation and requires that members of this region take security firmly in their own hands.