Connect with us

China

Auto Shanghai 2023 ကို ဧပြီလနှောင်းပိုင်းတွင် ကျင်းပမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း လျင်ကန် အခြေစိုက် SAIC Motor Company ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် အလုပ်ရုံတွင် အလုပ်လုပ်နေကြသည့် အလုပ်သမားများကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာမော်တော်ကားလုပ်ငန်း ပြပွဲကို ဧပြီလ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူက ဧပြီ ၁၃ ရက်တွင် ကြေညာခဲ့သည်။

Auto Shanghai ၂၀၂၃ ဟု လူသိများသော အဆိုပါပြပွဲက COVID-19 တုံ့ပြန်ဆောင်ရွက်မှုကို ချိန်ညှိဆောင်ရွက်ပြီးနောက် တရုတ်နိုင်ငံတွင် ပထမဆုံးကျင်းပမည့် A-class နိုင်ငံတကာ မော်တော်ကားပြပွဲဖြစ်ကြောင်း သိရသည်။

National Exhibition and Convention Center (ရှန်ဟိုင်း) တွင် ကမ္ဘာတစ်ဝန်းမှ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်က မော်တော်ကားပြပွဲတွင် ပါဝင်ပြသရန် စာရင်းသွင်းထားကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် မိုးလုံလေလုံပြခန်း ၁၃ ခုပါဝင်ပြီး စုစုပေါင်းပြပွဲဧရိယာမှာ စတုရန်းမီတာ ၃၆၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။

ပြပွဲအစီအစဉ်အရ ဧပြီလ ၁၈ နှင့် ၁၉ ရက်ကို မီဒီယာများတွေ့ဆုံပွဲနေ့အဖြစ် လျာထားပြီး ဧပြီ၂၀ ရက် နှင့် ၂၁ ရက်များကို မော်တော်ကားလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များအတွက် သီးသန့်လျာထားကြောင်းသိရသည်။ ဧပြီ ၂၂ ရက်မှ ၂၇ ရက်အထိကိုမူ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

…………………………………………..
(English Version)
Auto Shanghai 2023 to be held in late April
SHANGHAI, April 13 (Xinhua) — The 20th Shanghai International Automobile Industry Exhibition is scheduled to be held from April 18 to 27, the organizer announced on Thursday.
The exhibition, also known as Auto Shanghai 2023, is the first A-class international auto show to be held in China since the country optimized its COVID-19 response.
Over 1,000 enterprises from all over the world have registered to participate in the auto show at the National Exhibition and Convention Center (Shanghai). With 13 indoor exhibition halls, it boasts a total exhibition area of more than 360,000 square meters.
According to the event schedule, April 18 and 19 are designated as media days, while April 20 and 21 are reserved for professionals in the auto industry. The public will have access to the show from April 22 to 27. ■
Workers work at the assembly workshop of automaker SAIC Motor Company’s Lingang base in Shanghai, east China, April 23, 2022.(Xinhua/Chen Jianli)