Connect with us

Politics, Law & Military

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲနှင့် ဘရာဇီးသမ္မတအကြံပေးတို့ တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိ နှင့် ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ၏အကြံပေး Celso Amorim တို့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိ နှင့် ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ၏အကြံပေးဖြစ်သူ Celso Amorim တို့ ဧပြီ ၁၃ ရက်က တွေ့ဆုံခဲ့သည်။CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ် က သမ္မတ Lula ၏ ခရီးစဉ်က တရုတ်-ဘရာဇီး ဆက်ဆံရေးသမိုင်းတွင် မှတ်တိုင်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာမီပြုလုပ်မည့် မဟာဗျူဟာမြောက်တွေ့ဆုံမှုတွင် ကမ္ဘာတစ်ဝန်း အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းအသစ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။တရုတ်-ဘရာဇီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက ကြီးမားသည့် အလားအလာနှင့် ကောင်းမွန်သော အနာဂတ်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။နှစ်နိုင်ငံအကြီးအကဲများက နိုင်ငံတကာနှင့် ဒေသတွင်း ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————-

Senior Chinese diplomat meets Brazilian presidential advisor
BEIJING, April 13 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, on Thursday met with Celso Amorim, advisor to Brazilian President Luiz Inacio Lula da Silva.
Wang, also a member of the Political Bureau of the CPC Central Committee, noted that President Lula’s visit is a milestone in the history of China-Brazil relations. He said that the upcoming strategic meeting between the two countries’ leaders will have a bearing on the world and draw a new blueprint for the development of bilateral relations.
The China-Brazil comprehensive strategic partnership has tremendous potential and a promising future, Wang said.
The two sides also exchanged views on international and regional issues of common concern. ■
Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Celso Amorim, advisor to Brazilian President Luiz Inacio Lula da Silva in Beijing, capital of China, April 13, 2023. (Xinhua/Zhang Ling)