Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် တံတားများတည်ဆောက်မှုက လျင်မြန်သော စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေ

ကွေ့ယန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ကူလင်မြို့ကို ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့နှင့် ကျင်းဆားမြို့တို့ဖြင့် ချိတ်ဆက်ထားသော အဝေးပြေးလမ်းပေါ်တွင် ကျင်းဖုန်း ဝူးကျန်းမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တယ်ကျန်းနှင့် ယွိချင်းအား ချိတ်ဆက်ထားသော အဝေးပြေးလမ်းပေါ်၌ ဝူးကျန်းတံတားကြီး တည်ဆောက်မှုလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တံတားများသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ၏ ထင်ရှားသော သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်သည်။

အဆိုပါ ပြည်နယ်၏ ၉၂.၅ ရာခိုင်နှုန်းကို တောင်တန်း၊ တောင်ကုန်းများ လွှမ်းခြုံထားပြီး ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ တံတားပေါင်း ၃၀,၀၀၀ စင်းနီးပါး တည်ဆောက်ခဲ့ပြီး ယခုအခါ ကမ္ဘာပေါ်တွင် အရှည်ဆုံးတံတား အစင်းရေ ၁၀၀ ၏ ထက်ဝက်နီးပါးမှာ ယင်းပြည်နယ်၌ တည်ရှိသည်။

တံတားများတည်ဆောက်ခဲ့ခြင်းကြောင့် တောင်ထူထပ်သော ကွေ့ကျိုးပြည်နယ်သည် နိုင်ငံ၏ သယ်ယူပို့ဆောင်မှုကွန်ရက်ကို နက်ရှိုင်းစွာ ပေါင်းစည်းပေးပြီး ဒေသခံပြည်သူများ၏ တိုးတက်မှုရှိသော လူမှုဘဝအရည်အသွေးကိုလည်း ဆောင်ကြဉ်းပေးလျက်ရှိသည်။ (Xinhua)

…………………………………
(English Version)
Construction of bridges mirrors rapid economic development in SW China’s Guizhou
GUIYANG, April 15 (Xinhua) — Bridges are an unmistakable feature of the transportation infrastructure in Guizhou. With 92.5 percent of its area covered by mountains and hills, the province has built nearly 30,000 bridges since the late 1970s and is now home to nearly half of the 100 tallest bridges in the world.
Thanks to the construction of bridges, the mountainous province is becoming deeply integrated with the nation’s transportation network, bringing an improved quality of life for local residents.
Photo 1, 2: This aerial photo taken on April 12, 2023 in southwest China’s Guizhou Province shows the construction site of the Jinfeng Wujiang River bridge on the expressway linking Guiyang and Jinsha of Guizhou Province and Gulin of southwest China’s Sichuan Province.(Xinhua/Yang Wenbin)
Photo 3: A welder works at the construction site of the Wujiang grand bridge on the expressway linking Dejiang and Yuqing in southwest China’s Guizhou Province, April 11, 2023.(Xinhua/Yang Wenbin)