Connect with us

China

တရုတ်နိုင်ငံ မော်တော်ကားပို့ကုန် ပထမသုံးလပတ်အတွင်း မြင့်တက်လာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော ဘန်ကောက် နိုင်ငံတကာမော်တော်ကားပြပွဲအတွင်း BYD Dolphin ကား ကြည့်ရှုနေသူများကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ကားတင်ပို့မှုများမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း အားကောင်းစွာ တိုးချဲ့နိုင်ခဲ့ကြောင်း ယင်းလုပ်ငန်းအချက်အလက်များ၌ ဖော်ပြထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်း မော်တော်ကားအစီးရေ ၉၉၄,၀၀၀ စီး တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကထက် ၇၀.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်းအရ သိရသည်။
ထို့အတူ ခရီးသည်တင်မော်တော်ကား တင်ပို့မှုများမှာလည်း ယမန်နှစ်ကထက် ၈၂.၉ ရာခိုင်နှုန်း၊ ကားအစီးရေ ၈၂၆,၀၀၀ စီး မြင့်တက်လာခဲ့ကြောင်းနှင့် စီးပွားဖြစ်လုပ်ငန်းသုံးမော်တော်ယာဉ် တင်ပို့မှုမှာလည်း ယခင်နှစ်ကထက် ၂၈.၁ ရာခိုင်နှုန်း၊ ကားအစီးရေ ၁၆၈,၀၀၀ စီးတိုးတက်ခဲ့ကြောင်း သိရသည်။(Xinhua)

…………………………………
(English Version)
China’s auto exports surge in Q1

BEIJING, April 17 (Xinhua) — China’s automobile exports registered strong expansion in the first quarter (Q1) of this year, industry data shows.
A total of 994,000 vehicles were exported in this period, soaring 70.6 percent from a year ago, according to the China Association of Automobile Manufacturers.
In breakdown, passenger vehicle exports jumped 82.9 percent year on year to 826,000 units, while exports of commercial vehicles climbed 28.1 percent from a year ago to 168,000 units.
Photo: Visitors look at a BYD Dolphin during the 44th Bangkok International Motor Show in Bangkok, Thailand, March 22, 2023. (Xinhua/Wang Teng)