Connect with us

China

တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးကဏ္ဍက ကမ္ဘာ့ဈေးကွက်တွင် ဆက်လက် ဦးဆောင်နေ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ် ယွမ်ကျန်းမြို့ရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရှိ ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်ကာလတွင် ကမ္ဘာ့ဈေးကွက်၌ ဆက်လက်ဦးဆောင်နေဆဲဖြစ်ကြောင်း၊ ကုန်ပစ္စည်းထွက်ရှိမှုအပြင် အော်ဒါမှာယူမှုအသစ်များနှင့် လက်ခံမှုများအရ အကြီးဆုံးနိုင်ငံတကာဈေးကွက်ဝေစုကိုလည်း ရရှိထားကြောင်း ဧပြီ ၁၉ ရက်ထုတ် တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်မှုလုပ်ငန်းမှ ကုန်ပစ္စည်းထွက်ရှိမှုသည် အဆိုပါကာလအတွင်း deadweight tonnes (dwt) ပမာဏ ၉.၁၇ သန်းရှိခဲ့ရာ ကမ္ဘာ့စုစုပေါင်း၏ ၄၃.၅ ရာခိုင်နှုန်း ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

ထို့ပြင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၏ အဓိကအညွှန်းကိန်းဖြစ်သော အော်ဒါမှာယူမှုအသစ်များကလည်း ယမန်နှစ်ကထက် ၅၃ ရာခိုင်နှုန်း၊ dwt ၁၅.၁၈ သန်း မြင့်တက်ခဲ့ရာ ကမ္ဘာ့ဈေးကွက်ဝေစု၏ ၆၂.၉ ရာခိုင်နှုန်း ရှိခဲ့သည်။

ယင်းကဏ္ဍ၏ မှာယူနေဆဲအော်ဒါများအနေဖြင့်လည်း မတ်လကုန်အထိစုစုပေါင်း dwt ၁၁၄.၅၂ သန်း ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၅.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သလို ကမ္ဘာ့ဈေးကွက်ဝေစု၏ ၅၀.၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s shipbuilding sector continues to lead in world market
BEIJING, April 19 (Xinhua) — China’s shipbuilding industry continued to lead globally in the first quarter of 2023, boasting the biggest international market share in terms of output, as well as new and holding orders, official data showed Wednesday.
The country’s shipbuilding output hit 9.17 million deadweight tonnes (dwt) during the period, accounting for 43.5 percent of the world’s total, data from the Ministry of Industry and Information Technology showed.
New orders, another major indicator of the shipbuilding industry, rose 53 percent year on year to 15.18 million dwt, with a global market share of 62.9 percent.
The sector’s holding orders totaled 114.52 million dwt at the end of March, expanding 15.6 percent year on year. The volume represented 50.8 percent of the global market share.
Photo: This photo taken on March 2, 2023 shows a cargo ship at a shipbuilding enterprise in Yuanjiang, central China’s Hunan Province. (Xinhua/Chen Zhenhai)