Connect with us

China

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ် ရှားပါးမျိုးစိတ်တောရိုင်းသစ်ပင် ၁၀,၀၀၀ နီးပါး တွေ့ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ ချန်ရှီးနန် ပုရိလူမျိုးနှင့်မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ နိုင်ငံပိုင် နန်ဖန်ကျန်းသစ်တောရှိ၊ သဘာဝသစ်တောဧရိယာတွင် တောရိုင်း Ormosia hosiei သစ်ပင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ယန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် ရှားပါးမျိုးစိတ်တောရိုင်း သစ်ပင်ပေါင်း ၁၀,၀၀၀ နီးပါး တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် ဒုတိယတန်းစား ကာကွယ်ထိန်းသိမ်းမှုအောက်တွင်ရှိသော Ormosia hosiei သစ်ပင်များကို ချန်ရှီးနန် ပုရိလူမျိုးနှင့်မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ နန်ဖန်ကျန်းသစ်တောရှိ နိုင်ငံပိုင် သဘာဝသစ်တောဧရိယာ၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရိုင် သစ်တောဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။

သစ်တောဥယျာဉ်၏ လက်ထောက်အကြီးအကဲဖြစ်သူ Chang Jin ယင်းရှားပါးသောမျိုးစိတ်များ၏ အရေအတွက်ကို အတိအကျ သိရှိနိုင်ရန် အဖွဲ့ဝင် ၈ ဦးပါဝင်သည့် အဖွဲ့ဖြင့် ယင်းရှားပါးမျိုးစိတ်အပင်များ၏ ပျံ့နှံ့စွာ ပေါက်ရောက်နေမှုကို အသေးစိတ် စူးစမ်းရှာဖွေ မှုများပြုလုပ်လျက်ရှိကြောင်း၊ ယင်းတို့ကို ဆောင်ရွက်ရန် အချိန် တစ်လခွဲခန့် ကြာနိုင်ကြောင်း သိရသည်။

Ormosia hosiei အပင်သည် ၎င်း၏ သစ်များမှာ တန်ဖိုးရှိပြီး တရုတ်တိုင်းရင်းဆေးပညာတွင် အသုံးပြုသောကြောင့် လူသိများကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Nearly 10,000 wild trees of a rare species found in China’s Guizhou
GUIYANG, April 20 (Xinhua) — Almost 10,000 wild trees of a rare species have been found in southwest China’s Guizhou Province, authorities said.
The wild Ormosia hosiei trees, under China’s second-class national protection, were discovered in the natural forest area of the state-owned forest farm of Nanpanjiang in the Bouyei-Miao Autonomous Prefecture of Qianxinan, according to the provincial bureau of forestry.
Chang Jin, deputy head of the forest farm, said they have mobilized an eight-member team to investigate the distribution area and determine the exact number of the rare species, which may take them half a month to do.
Ormosia hosiei is valued for its timber and is also known for its use in Traditional Chinese Medicine.
This undated photo shows the wild Ormosia hosiei trees in the natural forest area of the state-owned forest farm of Nanpanjiang in the Bouyei-Miao Autonomous Prefecture of Qianxinan, southwest China’s Guizhou Province. (Xinhua)