Connect with us

Africa & Middle East

ဘိုင်ဒန်က ၂၀၂၄ ၌ ပြန်လည် ရွေးကောက်ခံရေး၊ မဲဆွယ်စည်းရုံးရေးကို လာမည့်ရက်သတ္တပတ်တွင် ကြေညာမည်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ အိမ်ဖြူတော် ရှိ Marine One လေယာဉ်ပေါ်သို့တက်ရန် South Lawn မြက်ခင်းပေါ်တွင် လမ်းလျှောက်နေသော အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကို ၂၀၂၃ခုနှစ်၊ မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လာမည့်ရက်သတ္တပတ်တွင် ရွေးကောက်ပွဲပြန်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ၎င်း၏ ဆုံးဖြတ်ချက်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း သိရသည်။
The Washington Post သတင်းစာ၊ The Associated Press နှင့် Bloomberg အပါအဝင် အမေရိကန်နိုင်ငံရှိ သတင်းဌာနများစွာက ဧပြီ ၂၀ရက်တွင် ဖော်ပြခဲ့ကြသည်။

ဘိုင်ဒန် ၏လက်ထောက်များက ဘိုင်ဒန်၏ ရွေးကောက်ပွဲ ပြန်လည်ရွေးကောက်ခံရန် နောက်ဆုံး ဆုံးဖြတ်ချက်ကို မသိရှိကြောင်း မီဒီယာများကို ပြောကြားခဲ့သော်လည်း ဒီမိုကရက်တစ်ဦးဖြစ်သော ဘိုင်ဒန်ကမူ ဧပြီ ၂၅ ရက် (အင်္ဂါနေ့) ကို ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သိရသည်။

မကြာမီ ထုတ်ပြန်မည့် ကြေညာချက်အား ထောက်ခံသူများကို ဗွီဒီယိုထုတ်ပြန်ချက်ပုံစံမျိုး ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း The Associated Press အရသိရသည်။

အိမ်ဖြူတော်အနေဖြင့် အဆိုပါသတင်းများနှင့် ပတ်သက်၍ တုံ့ပြန်မှုပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အသက် ၈၀ အရွယ်ရှိ ဘိုင်ဒန်သည် ၎င်း၏အစီအစဉ်များကို မကြာမီကြေညာမည်ဖြစ်ကြောင်းအိုင်ယာလန် ခရီးစဉ်အပြီး သတင်းထောက်များအား လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့ပြီးနောက်၎င်းအနေဖြင့် ပြန်လည်အရွေးခံရန် ရည်ရွယ်ထားကြောင်း ကို ထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Biden reportedly to announce 2024 reelection campaign as soon as next week
WASHINGTON, April 20 (Xinhua) — U.S. President Joe Biden reportedly will announce his decision to run for reelection as soon as next week.
Multiple U.S. media outlets, including The Washington Post, The Associated Press and Bloomberg, reported the news on Thursday.
Biden’s aides told the outlets that they were not aware that a final decision on timing had been made but that Biden, a Democrat, had been considering Tuesday, April 25.
The upcoming announcement is expected to be in the form of a video released to supporters, according to The Associated Press.
The White House hasn’t responded to those reports.
Biden, 80, has repeatedly said that he intends to run for reelection, telling reporters last week after a trip to Ireland he would announce his plans “relatively soon.”
The 2024 U.S. presidential election is scheduled for Nov. 5, 2024. ■
U.S. President Joe Biden walks on the South Lawn to board Marine One at the White House in Washington, D.C., the United States, March 9, 2023.(Photo by Ting Shen/Xinhua)