Connect with us

North America

ဘိုင်ဒန်က ရွေးကောက်ပွဲပြန်လည်အရွေးခံမယ့်အစီအစဉ်ကို “မကြာခင်မှာ’’ အများပြည်သူကိုအသိပေးမည်ဟုဆို

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ အိမ်ဖြူတော်တွင် Marine One လေယာဉ်ဖြင့်ထွက်ခွာရန် South Lawn မြက်ခင်းပေါ်၌ လမ်းလျှောက်နေသော အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကို ၂၀၂၃ခုနှစ်၊ မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရွေးကောက်ပွဲပြန်လည်အရွေးခံမယ့်အစီအစဉ်ကို “မကြာခင်မှာ’’ အများပြည်သူကိုအသိပေးမည်ဟု ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“ ကျွန်တော်ဆောင်ရွက်နေတဲ့ အစီအစဉ်ကို ပြောပါ့မယ်’’ “သိပ်မကြာခင်မှာ ကျွန်တော်အသိပေးမှာပါ’’ ဟု အိမ်ဖြူတော်မှာကျင်းပတဲ့ ပွဲတစ်ခုအတွင်း ဘိုင်ဒန်က သတင်းထောက်များကိုပြောပြခဲ့သည်။

ဒီမိုကရက်တစ်တစ်ဦးဖြစ်သောဘိုင်ဒန်က ၎င်း၏ ပြန်လည်ရွေးကောက်ခံခြင်းနှင့် မဲဆွယ်စည်းရုံးမှု ပတ်သက်၍ ယခုသတင်းပတ်တွင် တရားဝင်ကြေညာမည်ဟု အမေရိကန်မီဒီယာများနှင့် နိုင်ငံရေးပါတီများက ခန့်မှန်းလျက်ရှိသည်။

ဘိုင်ဒန်နှင့် ၎င်း၏အဖွဲ့က ကြေညာချက်ကို ဗီဒီယိုထုတ်ပြန်ချက်ပုံစံမျိုး ထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။၂၀၂၄ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

NBC News သတင်းဌာန၏ နိုင်ငံလုံးဆိုင်ရာ စစ်တမ်းသစ်အရ ဒီမိုကရက်တစ်ပါတီဝင် ၅၁ ရာခိုင်နှုန်းအပါအဝင်၊ အမေရိကန်နိုင်ငံသား ၇၀ ရာခိုင်နှုန်းက ဘိုင်ဒန်အနေဖြင့် ဒုတိယသက်တမ်းအတွက် ရွေးကောက်မခံသင့်ဟု ထင်မြင်ကြသည်။ထရမ့်အတွက်မူရီပတ်ဘလစ်ကန်ပါတီဝင် ၃ ပုံ ၁ ပုံအပါအဝင် အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းက ထရမ့်အနေဖြင့် ၂၀၂၄ တွင် အရွေးမခံသင့်ကြောင်း ထင်ကြေးပေးကြသည်။ (Xinhua)

—————————

Biden says to let reelection plans known to public “real soon”
WASHINGTON, April 24 (Xinhua) — U.S. President Joe Biden said on Monday that he will let the public know about his reelection plans “real soon.”
“I told you I’m planning on running,” Biden told reporters during an event at the White House. “I’ll let you know real soon.”
U.S. media and political pundits are speculating that the Democrat will officially launch his reelection campaign as soon as this week.
Biden and his team are reportedly preparing to make the announcement in the form of a video.
The 2024 U.S. presidential election is scheduled for Nov. 5, 2024.
According to a new NBC News national poll, 70 percent of all Americans, including 51 percent of Democrats, think that Biden should not run for a second term.
As for Trump, 60 percent of Americans, including a third of Republicans, believe that the Republican shouldn’t run in 2024.
U.S. President Joe Biden walks on the South Lawn to board Marine One at the White House in Washington, D.C., the United States, March 9, 2023.(Photo by Ting Shen/Xinhua)