Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အာကာသအောင်မြင်မှုများက လယ်ယာစိုက်ပျိုးရေးကို အသွင်ပြောင်းပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေမြို့တော်တွင် အာကာသနေ့ အခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟဲဖေ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဧပြီ ၂၄ ရက်၌ အာကာသနေ့ ကျင်းပခြင်းဖြင့် အာကာသ သိပ္ပံနှင့် နည်းပညာ၏ အရေးပါမှုနှင့် အကျိုးကျေးဇူးများကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ပြပွဲများ၊ သိပ္ပံပညာရပ်ဆိုင်ရာ ကျော်ကြားသောသင်ခန်းစာများ၊ အာကာသအသိပညာဗဟုသုတ ပြိုင်ပွဲများနှင့် ဆက်စပ်သော ဆွေးနွေးပွဲများ စသဖြင့် အစီအစဉ် ၄၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်း ကျင်းပခဲ့သည်။

လယ်ယာစိုက်ပျိုးရေးအဓိက နိုင်ငံဖြစ်သော တရုတ်နိုင်ငံဿည် ကုန်ထုတ်လုပ်မှု မြင့်တက်လာစေရန်နှင့် လယ်သမားများ၏ ဝင်ငွေ တိုးပွားလာစေရန် အာကာသနည်းပညာလုပ်ငန်း၏ အထောက်အကူပြုမှုဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အသွင်ပြောင်းလဲလျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရား ၁၀၀,၀၀၀ ကျော်ကို BDS အလိုအလျောက်မောင်းနှင်ခြင်းစနစ် တပ်ဆင်ထားခဲ့ပြီး ထွန်ယက်စိုက်ပျိုးခြင်း၊ စပါးပျိုးပင်စိုက်ပျိုးခြင်း၊ ပျိုးကြဲခြင်း၊ အပင်ကာကွယ်ခြင်း၊ ရိတ်သိမ်းခြင်း၊ ကောက်ရိုးပြုပြင်အသုံးပြုခြင်းနှင့် အခြောက်ခံခြင်း စသည့် လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လွှမ်းခြုံလျက်ရှိသည်။

ထို့ပြင် အာကာသစိုက်ပျိုးရေး လက်တွေ့စမ်းသပ်မှု ၃,၀၀၀ ကျော် ပြုလုပ်ပြီးနောက် အဓိက ဂျုံစေ့ပြောင်းစေ့အမျိုးအစား ၂၄၀ ကျော်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ မြက်နှင့် ပန်းအမျိုးအစား ၄၀၀ ကျော်ကို အများအပြား စိုက်ပျိုးရန်အတွက် နောက်ဆုံးခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။ (Xinhua)

………………………………
China’s space achievements transforming agriculture
HEFEI, April 24 (Xinhua) — The importance and benefits of space science and technology are highlighted once again as China celebrates the Space Day of China on Monday.
Over 400 activities, such as exhibitions, science popularization lectures, space knowledge competitions, and relevant seminars, are held nationwide.
Being a major agricultural country, China is transforming its agriculture with the help of its space undertakings to enhance productivity and increase farmers’ income.
More than 100,000 agricultural machines have been installed with the BDS automatic driving system, covering agricultural production processes such as deep plowing, rice transplanting, sowing, plant protection, harvesting, straw treatment, and drying.
Over 240 main grain varieties and over 400 vegetable, fruit, grass, and flower varieties have won final approvals for mass planting following more than 3,000 space breeding experiments.
Photo 1: A launch ceremony of the Space Day of China is held in Hefei, capital of east China’s Anhui Province, April 24, 2023. (Xinhua/Huang Bohan)
Photo 2: This aerial photo taken on April 19, 2022 shows a drone taking off to spread crayfish fodder at a farm in Susong County, east China’s Anhui Province. (Photo by Li Long/Xinhua)