Connect with us

Asia

အိန္ဒိယနိုင်ငံက ဧပြီလတွင် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်လာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် ဧပြီလတွင် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံ ဖြစ်လာမည်ဟု ကုလသမဂ္ဂခန့်မှန်းချက်အရ သိရသည်။ဧပြီလကုန်တွင် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၁,၄၂၅,၇၇၅,၈၅၀ အထိရှိလာမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာန (DESA) က ဧပြီ ၂၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အဆိုပါ ခန့်မှန်းချက်သည် ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ နောက်ဆုံး ခန့်မှန်း တွက်ချက်မှုပေါ် အခြေခံထားခြင်းဖြစ်သည်။အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ကြီးထွားနေမည်ဟုလည်း ကုလသမဂ္ဂက ပြောခဲ့သည်။

ကလေးမွေးဖွားမှုနှုန်းသည် လူဦးရေတိုးပွားခြင်း၏ အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် အသက်အရွယ်ကြီးရင့်မှုလည်း မြန်ဆန်ကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် ၂၀၅၀ ပြည့်နှစ်ကြား အသက် ၆၅ နှစ်အထက်ရှိသူ အရေအတွက်သည် နှစ်ဆဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ၂၀၂၁ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူမှုကို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် နှောင့်နှေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
India to become world’s most populous country in April: UN
UNITED NATIONS, April 24 (Xinhua) — India will become the world’s most populous country in April, according to UN projections.
By the end of April, India’s population is expected to amount to 1,425,775,850, becoming the most populous country in the world, said the UN Department of Economic and Social Affairs (DESA) on Monday in a press release.
This forecast is based on the latest UN estimates and projections of the global population.
India’s population is expected to continue growing for several decades, said the UN department.
Fertility is a key driver of population trends. India is rapidly aging. Between 2023 and 2050, the number of persons aged 65 or over is expected to more than double in India.
India’s planned 2021 census was delayed due to challenges associated with the COVID-19 pandemic and is now scheduled for 2024.
Photo: The Rashtrapati Bhavan (President House) in New Delhi, India, Aug. 8, 2019. (Xinhua/Zhang Naijie)