Connect with us

Africa & Middle East

ဆူဒန်တွင် တိုက်ခိုက်မှုများက လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ကပ်ဘေးအသွင်ပြောင်းလဲစေ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ၌ ဆူဒန်နိုင်ငံဆိုင်ရာ အစည်းအဝေးတွင် စကားပြောကြားနေသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ အထွေထွေအတွင်းရေးမှူး Joyce Msuya (ရှေ့တန်း) အား ၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Manuel Elias/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင် တိုက်ခိုက်မှုများက ကြောက်မက်ဖွယ် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကို ကပ်ဘေးအသွင်သို့ ပြောင်းလဲစေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Joyce Msuya က ဧပြီ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ဧပြီ ၁၅ ရက်မှစ၍ ဆူဒန်နိုင်ငံ၌ ဆူဒန်စစ်တပ်နှင့် Rapid Support Forces ကြား တိုက်ပွဲများဖြစ်ပေါ်လာချိန်တွင် သာမန်ပြည်သူများနှင့် ကူညီထောက်ပံ့ရေးဝန်ထမ်းများအတွက် ထိတ်လန့်စရာ အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့ကြောင်း ၎င်းက လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

ဧပြီ ၁၅ ရက်မတိုင်မီက ဆူဒန်နိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များမှာ စံချိန်တင်မြင့်မားခဲ့သည်။ နိုင်ငံအတွင်းရှိ လူဦးရေး သုံးပုံတစ်ပုံဖြစ်သော ပြည်သူ ၁၅.၈ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်ခဲ့သည်။ ကလေးငယ်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၄ သန်းမှာလည်း အာဟာရချို့တဲ့လျက်ရှိသည်။ ပြည်သူ ၃.၇ သန်းခန့်သည်လည်း ဒေသတွင်း နေရပ်ရွှေ့ပြောင်းနေရကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

“ဒီပဋိပက္ခက လိုအပ်ချက်တွေကို နက်ရှိုင်းစေရုံသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှု လှိုင်းသစ်တစ်ခုလုံးကိုလည်း ခြိမ်းခြောက်နေတာပါ။ တိုက်ခိုက်မှုက အကူအညီပေးရေးလုပ်ငန်းတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးစေပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းက ကပ်ဘေးအဖြစ် အလျင်အမြန်ပြောင်းလဲနေတယ်” ဟု ၎င်းက သတိပေးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့သလို ပြည်သူ ၄,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပျက်စီးမှုများ၊ စစ်ရေးအသုံးပြုမှု သို့မဟုတ် အရင်းအမြစ်များ ပြတ်လပ်မှုကြောင့် ဆေးရုံ ၂၀ ခုထက်မနည်း ပိတ်ထားရကြောင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် လောင်စာဆီပြတ်လပ်ခြင်းကြောင့် ကာကွယ်ဆေးသိုလှောင်မှုများနှင့် ရေပေးဝေမှုကို ပျက်စီးလျက်ရှိကြောင်း၊ ယင်းမှာ ရောဂါပျံ့နှံ့မှု၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း Msuya က ဆိုသည်။ (Xinhua)

………………………………
(English Version)
Fighting in Sudan is turning humanitarian crisis into catastrophe: UN official
UNITED NATIONS, April 25 (Xinhua) — Fighting in Sudan is quickly turning an already dire humanitarian crisis into a catastrophe, said UN Assistant Secretary-General for Humanitarian Affairs Joyce Msuya on Tuesday.
What has been unfolding in Sudan since April 15, when clashes between the Sudanese Armed Forces and the Rapid Support Forces broke out, is a nightmare for ordinary citizens and aid workers alike, she told the Security Council in a briefing.
Even prior to April 15, humanitarian needs in Sudan were at a record high. Up to 15.8 million people — a staggering one-third of the country’s population — needed humanitarian aid. Four million children and pregnant and lactating women were malnourished. Some 3.7 million people were internally displaced, she noted.
“This conflict will not only deepen those needs. It also threatens to unleash an entirely new wave of humanitarian challenges. Fighting is massively impeding and imperiling aid operations. A humanitarian crisis is quickly turning into a catastrophe,” she warned.
More than 450 people have been killed and over 4,000 others injured. At least 20 hospitals have been forced to close due to damage, military use, or lack of resources. Power cuts and fuel shortages risk damaging vaccine stocks and water supplies, a precursor to the spread of disease, said Msuya.
Photo: UN Assistant Secretary-General for Humanitarian Affairs Joyce Msuya (front) speaks at a Security Council meeting on Sudan at the UN headquarters in New York on April 25, 2023. (Manuel Elias/UN Photo/Handout via Xinhua)