Connect with us

Media

တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးခဲ့သည့် ပြင်ပလူနာဌာနအဆောက်အအုံစီမံကိန်းအား သီရိလင်္ကာနိုင်ငံသို့ လွှဲပြောင်း ပေးအပ်

ကိုလံဘို ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး သီရိလင်္ကာနိုင်ငံရှိ ထိပ်တန်းဆေးရုံတစ်ရုံ ဖြစ်သော နိုင်ငံပိုင်ဆေးရုံ၏ ပြင်ပလူနာဌာနအဆောက်အအုံစီမံကိန်းအား ဧပြီ ၂၅ ရက်တွင် သီရိလင်္ကာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Qi Zhenhong နှင့် သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီး Keheliya Rambukwella တို့က လွှဲပြောင်းပေးအပ်သည့် စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တည်ဆောက်ရေးဧရိယာ စတုရန်းမီတာ ၅၀,၀၀၀ ခန့် အကျယ်အဝန်းရှိသည့် စီမံကိန်းသည် ဆေးရုံ၏ လူနာ ၆,၀၀၀ ဦးအထိ ကြည့်ရှုကုသမှုစွမ်းရည် ရှိလာမည် ဖြစ်ပြီး ဒေသတွင်း ဆေးဘက်ဆိုင်ရာအရင်းအမြစ် အကန့်အသတ်များအား လျော့ပါးသက်သာစေရေးအတွက် များစွာအထောက်အကူပြုကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
China-aided outpatient building project handed over to Sri Lanka
The outpatient building project of Sri Lanka’s National Hospital, a leading hospital in the country, built with Chinese assistance was handed over to Sri Lanka on Tuesday.
Chinese Ambassador to Sri Lanka Qi Zhenhong and Sri Lankan Minister of Health Keheliya Rambukwella representing the two sides signed the handover documents and attended a ceremony to celebrate the event.
The project, with a construction area of about 50,000 square meters, would bring the hospital’s daily handling capacity to 6,000 patients, and greatly help alleviate local medical resource constraints.
Xinhua News Agency correspondents reporting from Colombo.(XHTV)