Connect with us

Media

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လာအိုနိုင်ငံတွင် ကျင်းပ

ဗီယင်ကျန်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပို့ကုန်ပြပွဲတို့ကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ကုမ္ပဏီ ၁၇၅ ခုအား ကိုယ်စားပြုသည့် ပြခန်း ၂၃၅ ခန်း ပါဝင်ပြသခဲ့ပြီး လျှပ်စစ်ပစ္စည်းများ ၊ စက်ယန္တရားများ ၊ အစားအစာ ၊ အဖျော်ယမကာ ၊ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ၊ စက်မှုထုတ်ကုန်များ ၊ သန့်စင်သောစွမ်းအင် တီထွင်ဆန်းသစ်မှုများ ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ၊ ဆောက်လုပ်ရေး ပစ္စည်းများအပါအဝင် လာအို ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့မှ ထုတ်ကုန်အမျိုးမျိုးအား ရောင်းချပြသထားကြောင်း သိရသည်။

တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်းသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများရှိပြည်သူများကို အကျိုးကျေးဇူးရှိစေကြောင်း ဧပြီ ၂၄ ရက်၌ ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Jiang Zaidong က ပြောကြားခဲ့သည်။

ပြပွဲဖွင့်ပွဲအခမ်းအနားသို့ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Jiang Zaidong ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အစိုးရ ၊ ပုဂ္ဂလိကဏ္ဍ နှင့် လာအို ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
20th China-ASEAN expo held in Laos
The 20th China-ASEAN Expo and south China’s Guangxi Zhuang Autonomous Region Export Fair is held in Laotian capital Vientiane from Monday to Wednesday.
The events have drawn 235 booths representing 175 companies, selling and displaying a variety of products from Laos, China and Thailand including electrical appliances, machinery, food, beverage, agricultural products, industrial products, clean energy innovations, medical equipment, construction equipment, among others.
Chinese Ambassador to Laos Jiang Zaidong, representatives from international organizations, public and private sector and entrepreneurs from Laos, China and Thailand participated in the opening session of the events.
Xinhua News Agency correspondents reporting from Vientiane.(XHTV)