Connect with us

China

တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး သဘာပတိအဖြစ်ဆောင်ရွက်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၁၄ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းအား ၂၀၂၃ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ဧပြီ ၂၇ ရက်၌ ပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၂၅ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Murat Nurtleu ၊ ကာဂျစ်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Kulubaev Zheenbek Moldokanovich ၊ တာဂျစ်ကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sirojiddin Muhriddin ၊ တာ့ခ်မင်နစ္စတန်နိုင်ငံ ပထမ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Vepa Hajiyev နှင့် ဥဇဘက်ကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bakhtiyor Saidov တို့က တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မော်က ဆိုသည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သော တတိယအကြိမ်မြောက် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပါဝင်တက်ရောက်သူများက တရုတ်-အလယ်အာရှ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးလုပ်ထုံးလုပ်နည်းကို ထူထောင်ရန် သဘောတူခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သော နိုင်ငံများအားလုံးက ရရှိခဲ့သော သဘောတူညီချက်အရ ပထမဆုံးထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မော်က ပြောခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ အဓိကတာဝန်မှာ ထိပ်သီးအစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘက်စုံနိုင်ငံရေးပြင်ဆင်မှုများချမှတ်ရန်ဖြစ်ကြောင်း မော်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM to chair 4th China-Central Asia Foreign Ministers’ Meeting

BEIJING, April 25 (Xinhua) — Chinese State Councilor and Foreign Minister Qin Gang will chair the fourth China-Central Asia Foreign Ministers’ Meeting on April 27 in Xi’an, Shaanxi Province, Foreign Ministry Spokesperson Mao Ning announced on Tuesday.

Kazakhstan’s Deputy Prime Minister and Minister of Foreign Affairs Murat Nurtleu, Kyrgyzstan’s Minister of Foreign Affairs Kulubaev Zheenbek Moldokanovich, Tajikistan’s Minister of Foreign Affairs Sirojiddin Muhriddin, Turkmenistan’s First Deputy Minister of Foreign Affairs Vepa Hajiyev, and Uzbekistan’s Minister of Foreign Affairs Bakhtiyor Saidov will travel to China for the meeting, according to Mao.

During the third China-Central Asia Foreign Ministers’ Meeting in June 2022, all parties agreed to establish a China-Central Asia heads of state meeting mechanism. As a consensus reached by all parties, the first summit will be hosted by China, Mao said.
The main task of the foreign ministers’ meeting is to make comprehensive political preparations for the success of the summit, said Mao.

Photo: Chinese Foreign Minister Qin Gang attends a press conference on China’s foreign policy and foreign relations on the sidelines of the first session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2023. (XINHUA)