Connect with us

China

တရုတ်နိုင်ငံ၏ ပထမသုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှုက ကမ္ဘာ့စီးပွားရေး ပြန်လည်စတင်ရန် အထောက်အကူဖြစ်ဟုဆို

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယန်းထိုက်မြို့ရှိ ယန်းထိုက်ဆိပ်ကမ်း၌ လေအားလျှပ်စစ် ယက်ပြားများကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်စတင်ရန်အတွက်လည်း အထောက်အကူပြုမည်ဟု ဟန်ဂေရီ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောခဲ့သည်။

“တရုတ်နိုင်ငံက တရုတ်နှစ်သစ်ကူးမတိုင်မီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အဲဒါရဲ့ အကျိုးဆက်က စီးပွားရေး အရှိန်မြှင့် တိုးတက်လာတာက ဘယ်သူမှမမျှော်မှန်းထားတာပဲဖြစ်ပါတယ်” ဘူဒါပတ်စ်မြို့တွင် ပြုလုပ်သော တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၌ ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း Erno Peto က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ပထမသုံးလပတ်အတွင်း ယမန်နှစ်ကထက် ၄.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး အဖွဲ့အစည်းများစွာက ကြိုတင်ခန့်မှန်းထားချက်များကို ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆောင်ရွက်မှုများကို ပိုမိုသင့်မြတ်အောင်ဆောင်ရွက်ခဲ့ခြင်းကလည်း စီးပွားရေးတိုးတက်မှုအတွက် ချီးကျူးစရာဖြစ်ခဲ့ကြောင်း အဆိုပါ ပညာရှင်က ဆိုသည်။

“တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးကို ပြန်လည်စတင်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု Peto က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China’s Q1 growth helps restart global economy, says expert
BUDAPEST, April 27 (Xinhua) — China’s economic growth in the first quarter of 2023 is faster than expected and will help to restart the global economy, president of the Hungarian-Chinese Chamber of Economy has said.
“China reopened before the Chinese New Year … and the consequence of this is the acceleration and economic development that no one expected,” said Erno Peto in an interview with Xinhua during the China-Central and Eastern European countries industrial cooperation forum held in Budapest.
China has achieved a notable growth rate of 4.5 percent year on year in the first quarter, beating previous forecasts by many institutions. The country’s optimized COVID-19 prevention measures are credited to this growth, said the expert.
“I believe that China will restart the world economy,” said Peto.
Photo: This photo taken on March 2, 2023 shows wind power blades to be exported at Yantai Port in Yantai, east China’s Shandong Province.(Photo by Tang Ke/Xinhua)