Connect with us

Asia

PowerChina က လာအိုနိုင်ငံတွင် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည်

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ပြုလုပ်သော Power Construction Corporation of China (PowerChina) မှ တာဝန်ယူတည်ဆောက်မည့် ၆၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်း အုတ်မြစ်ချအခမ်းအနားကို ၂၀၂၃ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

Power Construction Corporation of China (PowerChina) က တာဝန်ယူတည်ဆောက်မည့် လာအိုနိုင်ငံ၏ ပထမဆုံး ၆၀၀ မဂ္ဂါဝပ် မုတ်သုံလေအားလျှပ်စစ်စီမံကိန်းအတွက် အုတ်မြစ်ချအခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မုတ်သုံလေအားလျှပ်စစ်စီမံကိန်းသည် လာအိုနိုင်ငံ၌ လေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းလမ်းသစ်တစ်ခု ဖော်ဆောင်ပေးမည်ဖြစ်သလို လာအို၏ စီးပွားရေးနှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်သစ်လည်း ပံ့ပိုးပေးမည်ဟု လာအို စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Phoxay Sayasone က ပြောကြားခဲ့သည်။

PowerChina အနေဖြင့် လာအိုနိုင်ငံတွင် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမကို အောင်မြင်မှုအသစ်တစ်ခု ရရှိစေရေးအတွက် ၎င်းတို့၏ ဉာဏ်ပညာနှင့် ခွန်အားကို အသုံးပြုသွားမည်ဖြစ်ကြောင်း PowerChina အာရှ-ပစိဖိတ်ဒေသရုံးချုပ် လက်ထောက် အထွေထွေမန်နေဂျာ ယန်ကျန့်က ပြောခဲ့သည်။

အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လာအိုနိုင်ငံ Sekong ပြည်နယ်နှင့် တောင်ပိုင်း Attapeu ပြည်နယ်ကြား တည်ဆောက်မည်ဖြစ်ပြီး အိမ်နီးချင်း ဗီယက်နမ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့ ရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

စီမံကိန်း တည်ဆောက်ပြီးစီးပါက လာအိုနိုင်ငံ၌ ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်လာမည်ဖြစ်သလို အရှေ့တောင်အာရှတွင်မူ အကြီးဆုံးစီးမံကိန်းဖြစ်လာကာ အာရှတွင်လည်း ပထမဆုံး နယ်စပ်ဖြတ်ကျော် စွမ်းအင်သစ်စီမံကိန်းဖြစ်လာမည်ဟု Monsoon Wind Power ကုမ္ပဏီအရ သိရသည်။ (Xinhua)

………………………………
(English Version)
PowerChina to build Laos’ 1st wind power project
VIENTIANE, April 27 (Xinhua) — A groundbreaking ceremony for the 600 MW Monsoon Wind Power Project, the first of this kind in Laos, contracted by Power Construction Corporation of China (PowerChina), has been held in Vientiane, the capital of Laos.
The Monsoon Wind Power Project will pave a new way for the development of wind power in Laos and provide new momentum for the development of Laos’ economy and power sector, said Lao Minister of Energy and Mines Phoxay Sayasone.
PowerChina will contribute its wisdom and strength to the economic and social development in Laos and the Belt and Road Initiative with a new achievement, said Yang Jian, deputy general manager of PowerChina’s Asia-Pacific Regional Headquarters.
The power plant will be built in Sekong Province and Attapeu Province of southern Laos and is expected to export and sell electricity to neighboring Vietnam.
After completion, the project will be the first wind power project in Laos, the largest in Southeast Asia and the first cross-border new energy project in Asia, according to Monsoon Wind Power Company.
Photo: The groundbreaking ceremony for the 600 MW Monsoon Wind Power Project, the first of this kind in Laos, contracted by Power Construction Corporation of China (PowerChina), is held in Vientiane, the capital of Laos, April 25, 2023. (Photo by Kaikeo Saiyasane/Xinhua)