Connect with us

China

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး မေလတွင် ကျင်းပမည်

ကာဇက်စတန်နိုင်ငံ Nur-Sultan မြို့တွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် တရုတ်နှင့် အလယ်အာရှ (C+C5) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်ရိအား ၂၀၂၂ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို မေလတွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်း၌ ကျင်းပမည်ဖြစ်ကြောင်း ဧပြီ ၂၇ ရက် စတုတ္ထအကြိမ် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းထုတ်ပြန်ချက်အရသိရသည်။

တရုတ်-အလယ်အာရှ နိုင်ငံတော်အကြီးအကဲများ အစည်းအဝေး လုပ်ထုံးလုပ်နည်းတစ်ရပ် ထူထောင်ရန် ၂၀၂၂ ခုနှစ် ဇွန်လက ပြုလုပ်ခဲ့သည့် တရုတ်-အလယ်အာရှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တက်ရောက်လာသောနိုင်ငံများအားလုံးက သဘောတူညီခဲ့ကြသည်။

အဆိုပါ နိုင်ငံများအားလုံး၏သဘောတူညီချက်အရ ပထမအကြိမ်ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်က ယခုသီတင်းပတ် အစောပိုင်းက ကြေညာခဲ့သည်။ (Xinhua)

………………………………………………
(English Version)
China-Central Asia Summit to be held in May

XI’AN, April 27 (Xinhua) — China-Central Asia Summit will be held in May in Xi’an, the capital city of China’s Shaanxi Province, a press release of the fourth China-Central Asia Foreign Ministers’ Meeting said on Thursday.
During the third China-Central Asia Foreign Ministers’ Meeting in June 2022, all parties agreed to establish a China-Central Asia heads of state meeting mechanism.
As a consensus reached by all parties, the first summit will be hosted by China, Foreign Ministry Spokesperson Mao Ning announced earlier this week.
Photo: Chinese State Councilor Wang Yi attends the third China + Central Asia (C+C5) foreign ministers’ meeting in Nur-Sultan, Kazakhstan, June 8, 2022. (Photo by Kalizhan Ospanov/Xinhua)