Connect with us

Asia

အိန္ဒိယနိုင်ငံထုတ် အဆိပ်အတောက်ဖြစ်စေသော ချောင်းဆိုးပျောက်ဆေးရည် သတိပေးချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးချုပ်ရှိ အထိမ်းအမှတ်လိုဂိုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်တစ်ခုတွင် ပါဝင်သော ဒိုင်အီသိုင်လင်းဂလိုက်ကိုး (diethylene glycol) နှင့် အီသိုင်လင်းဂလိုက်ကိုး (ethylene glycol) ပမာဏက လက်မခံနိုင်ဖွယ်ဖြစ်နေကြောင်း ဖော်ပြကာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံနယူးဒေလီမြို့ရှိ စျေးဝယ်ရာနေရာတစ်ခုတွင် လူအများ သွားလာနေသည်ကို ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဧပြီ ၂၅ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါသတိပေးချက်တွင် သောက်သုံးရန် မသင့်တော်သည့် အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးရည်များကို မာရှယ်ကျွန်းစုနှင့် မိုက်ခရိုနီးရှားဒေသ တို့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မာရှယ်ကျွန်းစုမှ Guaifenesin Syrup TG Syrup ချောင်းဆိုးပျောက်ဆေး နမူနာများတွင် ဒိုင်အီသိုင်လင်းဂလိုက်ကိုးနှင့် အီသိုင်လင်းဂလိုက်ကိုး ပါဝင်မှုမှာ လက်မခံနိုင်ဖွယ်ပမာဏ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သတိပေးချက်အရ သိရသည်။

Guaifenesin သည် ရင်ကြပ်ခြင်းနှင့် ချောင်းဆိုးခြင်း ရောဂါလက္ခဏာများ သက်သာစေရန် အသုံးပြုလေ့ရှိသော သလိပ်ပျော်ဆေးတစ်မျိုးဖြစ်သည်။ (Xinhua)

………………………………………………
(English Version)
WHO issues alert against India-made contaminated cough syrup
NEW DELHI, April 27 (Xinhua) — The World Health Organization (WHO) has issued an alert for a made-in-India cough syrup, highlighting it contains “unacceptable amounts of diethylene glycol and ethylene glycol.”
The alert issued by the global health body on Tuesday evening said a batch of contaminated India-made cough syrup had been found in the Marshall Islands and Micronesia.
Samples of the Guaifenesin Syrup TG Syrup from the Marshall Islands were found to contain unacceptable amounts of diethylene glycol and ethylene glycol as contaminants, said the alert.
Guaifenesin is an expectorant used to relieve chest congestion and cough symptoms.
Photo 1: Photo taken on Jan. 30, 2023 shows a logo of the World Health Organization (WHO) at the WHO headquarters in Geneva, Switzerland. (Xinhua/Lian Yi)
Photo 2: People visit a marketplace in New Delhi, India on April 26, 2023. (Photo by Javed Dar/Xinhua)