Connect with us

Media

ကုလသမဂ္ဂအကြီးအကဲက ဆူဒန်နိုင်ငံရှိ တိုက်ပွဲများ ချက်ချင်းရပ်တန့်ရမည်ဟု ပြောကြား

ကုလသမဂ္ဂ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆူဒန်နိုင်ငံရှိ တိုက်ပွဲများ ချက်ချင်းအဆုံးသတ် ရပ်တန့်ရေးအတွက် ဧပြီ ၂၅ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဆူဒန်စစ်တပ် နှင့် Rapid Support တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားချိန်မှစတင်ကာ ဆယ်ရက်ကြာ အကြမ်းဖက်မှုများ နှင့် မငြိမ်မသက်မှုများသည် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ကြောင်း ၊ ရှည်ကြာပြီး ပြင်းထန်သောစစ်ပွဲသည် စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်ဖြစ်ကြောင်း ၎င်းက ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)
Fighting in Sudan must stop immediately: UN chief
UN Secretary-General Antonio Guterres on Tuesday called for an immediate end to fighting in Sudan.
Ten days of violence and chaos since the outbreak of fighting between the Sudanese Armed Forces and the Rapid Support Forces are heartbreaking. A prolonged, full-scale war is unbearable to contemplate, he told a UN Security Council meeting on Sudan.
Xinhua News Agency correspondents reporting from UN headquarters.
(XHTV)