Connect with us

Media

Ganqmod ဆိပ်ကမ်းမှတစ်ဆင့် တရုတ် နှင့် မွန်ဂိုလီးယား ကုန်သွယ်မှု တန်ချိန် ၁၀ သန်း ကျော်ရှိ

ဟူးဟော့ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် မွန်ဂိုလီးယားနိုင်ငံတို့အကြား အကြီးဆုံး ကုန်းတွင်းဆိပ်ဖြစ်သည့် Ganqmod မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ် ယခုချိန်အထိ တန်ချိန် ၁၀ သန်း ကျော်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဆိပ်ကမ်းစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ဧပြီ ၂၄ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ရှိသည့် Ganqmod ဆိပ်ကမ်းသည် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၂ ရက်အထိ ကုန်ပစ္စည်း တန်ချိန် ၁၀.၀၂ သန်းခန့် ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ တန်ချိန် ၁၁၂,၆၀၀ တန် ကုန်သွယ်မှုရှိကြောင်း သိရသည်။

Ganqmod ဆိပ်ကမ်းသည် တရုတ်နိုင်ငံအတွက် အဓိကစွမ်းအင်တင်သွင်းသည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံပေါ်တွင် အရေးပါသည့် အချက်အချာနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China, Mongolia trade via Ganqmod Port exceeds 10 mln tonnes
The trade volume between China and Mongolia via Ganqmod Port, the largest highway port between the two countries, has surpassed 10 million tonnes so far this year, the port’s administration authority said on Monday.
Situated in north China’s Inner Mongolia Autonomous Region, Ganqmod Port handled approximately 10.02 million tonnes of goods from Jan. 1 to April 22, with a daily average of 112,600 tonnes.
Ganqmod Port is a major energy import channel for the country, and an important hub on the China-Mongolia-Russia economic corridor.
Xinhua News Agency correspondents reporting from Hohhot.(XHTV)