Connect with us

Africa & Middle East

ဆူဒန်နိုင်ငံရှိ တိုက်ခိုက်မှုဖြစ်ပွားနေသောအဖွဲ့များက အပစ်အခတ်ရပ်စဲရေးကာလ ၃ ရက်သက်တမ်းတိုးမှုကို လက်ခံ

ဆူဒန်နိုင်ငံနှင့် ထိစပ်နေသော Argeen ကုန်းတွင်းဆိပ်မှတစ်ဆင့် အီဂျစ်နိုင်ငံသို့ ဖြတ်သန်းလာပြီးနောက် ခရီးဆောင်အိတ်များ သယ်ဆောင်လာသူများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဆူဒန်စစ်တပ်နှင့် Rapid Support Forces (RSF) တပ်ဖွဲ့တို့သည် ဧပြီ ၂၇ ရက် ညသန်းခေါင်ယံ၌ သက်တမ်းကုန်မည့် လက်ရှိ အပစ်အခတ်ရပ်စဲရေးကာလကို နောက်ထပ်သုံးရက် သက်တမ်းတိုးရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ဆူဒန်စစ်တပ်၏ ဗိုလ်ချုပ် တပ်မှူး Abdel Fattah al-Burhan က အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၇၂ နာရီ သက်တမ်းတိုးရန် ဧပြီ ၂၆ ရက်နှောင်းပိုင်းက ကနဦးခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ဆူဒန်ပြည်သူတွေရဲ့ အခြေအနေတွေ၊ သံတမန်ရေးနဲ့ ပြည်ပနိုင်ငံသားတွေ ရွှေ့ပြောင်းမှု အဆင်ပြေစေဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအရ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Sudan’s warring parties accept 3-day extension of truce
KHARTOUM, April 27 (Xinhua) — The Sudanese army and the paramilitary Rapid Support Forces (RSF) on Thursday agreed to extend the existing cease-fire, which expires at midnight Thursday, for three more days.
Abdel Fattah al-Burhan, the army’s general commander, gave initial approval for the extension of the cease-fire late on Wednesday for another 72 hours, the army said in a statement.
In response, the RSF said in a statement on Twitter that it agreed “to extend the humanitarian truce for an additional 72 hours” starting at midnight Thursday.
“We reaffirm our commitment to the terms of the humanitarian truce, considering the circumstances of the Sudanese people and to facilitate the evacuation of diplomatic and foreign nationals,” the statement said.
Photo: People carrying their luggage are seen after crossing into Egypt through the Argeen land port with Sudan on April 27, 2023. (Photo by Radwan Abu Elmagd/Xinhua)