Connect with us

China

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဒုတိယမြောက်လေယာဉ် အပြီးသတ်တပ်ဆင်ရေးလုပ်ငန်း Airbus တည်ဆောက်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းရှိ A320-ဂျက်လေယာဉ်မိသားစုဝင် Airbus ထျန်းကျင်း လေယာဉ်အပြီးသတ်တပ်ဆင်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်က တေွ့ရစဉ်(ဓာတ်ပုံ-Airbus China/Handout via Xinhua)

ထျန်းကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဥရောပလေယာဉ်ထုတ်လုပ်သူ Airbus က ၎င်း၏တရုတ်နိုင်ငံ မိတ်ဖက်တို့နှင့်အတူ တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် A320 မိသားစုလေယာဉ် အပြီးသတ် တပ်ဆင်မှုစွမ်းရည်တိုးချဲ့မှုအဖြစ် ဒုတိယမြောက်တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းအတွက် သဘောတူစာချုပ်တစ်ခု ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက်ကို Airbus ၊ ထျန်းကျင်း လွတ်လပ်သောကုန်သွယ်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်နှင့် တရုတ်နိုင်ငံ လေယာဉ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး လီမိတက်တို့ အကြား ဧပြီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုတပ်ဆင်ရေးလုပ်ငန်းအသစ်သည် Airbus ၏ ကမ္ဘာလုံးဆိုင်ရာ လေယာဉ်ထုတ်လုပ်မှုကွန်ရက်မှတစ်ဆင့် ၂၀၂၆ ခုနှစ်တွင် လစဉ် A320 မိသားစုလေယာဉ် ၇၅ စင်းထုတ်လုပ်ရေး ရည်မှန်းချက်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း Airbus က ဆိုသည်။

၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းတွင် တရုတ်ပြည်မကြီးတွင် ဝန်ဆောင်မှုပေးနေသည့် Airbus လေယာဉ် အရေအတွက်မှာ ၂,၁၀၀ ကျော်အထိ ရောက်ရှိလာမည်ဖြစ်သည်။ (Xinhua)

………………………………………………
(English Version)
Airbus to build second final assembly line in China’s Tianjin

TIANJIN, April 7 (Xinhua) — Airbus, the European aircraft manufacturer, and its Chinese partners have signed an agreement to expand its A320 family final assembly capacity with a second line at its site in north China’s Tianjin Municipality.
The deal was inked on Thursday between Airbus and Tianjin Free Trade Zone Investment Company Ltd. and Aviation Industry Corporation of China, Ltd.
The new assembly line will contribute to Airbus’s goal of producing 75 A320 family aircraft per month by 2026 throughout its global production network, Airbus said.
By the end of March 2023, the number of the Airbus fleet in service in the Chinese mainland reached more than 2,100.
Photo 1: Staff members work at Airbus’ Tianjin final assembly line for the A320-family of jets in north China’s Tianjin, Feb. 24, 2022. (Airbus China/Handout via Xinhua)