Connect with us

China

တရုတ်နိုင်ငံက မတ်လအတွင်း မြို့ပြရထားလမ်းဖြတ်သန်းသွားလာသော ခရီးသည်ခရီးစဉ်များ မြင့်တက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ East Nanjing Road ဘူတာရှိ မြေအောက်ရထားမှ ခရီးသည်များ ထွက်လာသည်ကို ၂၀၂ ၂ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မတ်လအတွင်း မြို့ပြရထားခရီးသွားကွန်ရက်အတွင်း ခရီးသည်ခရီးစဉ်များ မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

မြို့ပြဧရိယာများရှိ ရထားလမ်းဖြတ်သန်းသွားလာမှုများမှာ ယခင်လက ခရီးသည်ခရီးစဉ် ၂.၅၄ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကထက် ၅၈.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။ အဆိုပါ ပမာဏသည် ဖေဖော်ဝါရီလကထက် ၁၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် မြို့ပေါင်း ၅၄ မြို့ရှိ ပြေးဆွဲနေသော ရထားလမ်းဖြတ်သန်းသွားလာမှုလိုင်း ၂၉၂ လိုင်းရှိကာ စုစုပေါင်းအလျား ၉၆၅၂.၆ ကီလိုမီတာ ရှိကြောင်း ဝန်ကြီးဌာန အချက်အလက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China sees more urban rail transit passenger trips in March
BEIJING, April 8 (Xinhua) — China saw an increase in passenger trips in its urban rail transit networks in March, official data showed.
The country’s rail transit lines in urban areas registered 2.54 billion passenger trips last month, surging 58.9 percent year on year, data from the Ministry of Transport showed. The volume went up 16.6 percent month on month.
At the end of March, China had 292 urban rail transit lines in operation in 54 cities, with a total length of 9,652.6 km, according to the ministry.
Photo: Passengers get off a subway train at East Nanjing Road Station in east China’s Shanghai, June 1, 2022. (Xinhua/Ding Ting)