Connect with us

China

ကိုယ်တိုင်ကြိုးစားမှုဖြင့် ကမ္ဘာ့ဘီလျံနာသူဋ္ဌေးဖြစ်လာသော အသက် ၄၀ နှစ်အောက်ရှိသူ ၅၉ ဦးအနက် ၁၈ ဦးမှာ တရုတ်နိုင်ငံကဖြစ်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကောင်တီ Culver City ရှိ TikTok ၏ လော့စ်အိန်ဂျလိစ်ရုံးကို ၂၀၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင် ကိုယ်တိုင်ကြိုးစားမှုဖြင့် ဘီလျံနာသူဋ္ဌေးဖြစ်လာသော အသက် ၄၀ နှစ်အောက်ရှိသူ အရေအတွက်မှာ ဇန်နဝါရီ ၁၆ ရက်အထိ ၅၉ ဦးရှိပြီး ယင်းအနက် ၁၈ ဦးမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြောင်း Hurun Research Institute မှ ပြုစုထားသောစာရင်းအရ သိရသည်။

အမေရိကန်နိုင်ငံတွင် အဆိုပါစာရင်း၌ပါဝင်သူ ၂၃ ဦးရှိရာ အမေရိကန်ပြီးလျှင် တရုတ်နိုင်ငံက ဒုတိယမြောက်ဖြစ်သည်။

TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance ၏ တည်ထောင်သူ ကျန်းရိမင်က ကြွယ်ဝမှု ယွမ် ဘီလီယံ ၂၅၀ ဖြင့် ဒုတိယနေရာ၌ရှိပြီး ပထမနေရာတွင်မူ Meta စီအီးအို မာ့ခ် ဇူကာဘတ်ရှိကြောင်း သိရသည်။
ရှန်ဟိုင်းအခြေစိုက် ဗီဒီယိုဂိမ်း တီထွင်သော miHoYo ၏ ပူးတွဲတည်ထောင်သူ သုံးဦးက ယခုနှစ်တွင် နံပါတ်၁၄ နေရာဖြင့် အသစ်ဝင်ရောက်လာခဲ့ကြောင်း သုတေသနအင်စတီကျုက ဆိုသည်။ (Xinhua)

………………………………
(English Version)
China has 18 of world’s 59 self-made billionaires under 40
BEIJING, April 8 (Xinhua) — The number of self-made billionaires aged 40 or under in the world stood at 59 by Jan. 16, among which 18 are Chinese entrepreneurs, according to a list compiled by Hurun Research Institute.
China is second only to the United States, which is home to 23 such billionaires on the list.
Zhang Yiming, the founder of TikTok’s parent company ByteDance, ranks second with a wealth of 250 billion yuan (about 36.3 billion U.S. dollars), after Meta CEO Mark Zuckerberg.
The three co-founders of miHoYo, the Shanghai-based developer of the globally acclaimed game Genshin Impact, are among the 14 newcomers this year, the research institute said.
The most successful entrepreneurs under 40 made their first billion U.S. dollars within an average of six years, according to the institute.
Photo: Photo taken on Aug. 21, 2020 shows a logo of TikTok’s Los Angeles Office in Culver City, Los Angeles County, the United States.(Xinhua)