China
သမ္မတ ရှီက တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းခြင်း အဆင့်မြှင့်တင်ရေး ကဏ္ဍသစ်ဖွင့်လှစ်ရန် ဆန်ရှီးပြည်နယ်ကို တိုက်တွန်း
ရှီးအန်း၊ ဆန်ရှီး/ရင်ချန်း၊ ဆန်းရှီး၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆန်ရှီးပြည်နယ်အနေဖြင့် နိုင်ငံ၏ အနောက်ပိုင်းဒေသ တရုတ်ခေတ်မီအသွင်ပြောင်းခြင်း အဆင့်မြှင့်တင်ရာ၌ ၎င်း၏အားသာချက်ကို အပြည့်အဝ အသုံးချ၍ စံပြအခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးမတိုင်မီ မေ ၁၇ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ ဆန်ရှီးပြည်နယ် CPC ကော်မတီနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ငန်းအစီရင်ခံစာ ကြားနာစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်းတွင် ကျင်းပမည်ဖြစ်ပြီး သမ္မတ ရှီက သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
ဆန်ရှီးပြည်နယ်သည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းကို ဦးစားပေးတာဝန်အနေဖြင့် ဒေသန္တရလက်တွေ့အခြေအနေပေါ်၌ အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ် ဖန်တီးခြင်းအတွက် တက်ကြွစွာ ပေါင်းစည်းခြင်းနှင့် လုပ်ကိုင်ခြင်းအတွက် ဆောင်ရွက်သင့်ကြောင်း ရှီက ဆိုသည်။
သမ္မတ ရှီအနေဖြင့် ဆန်ရှီးပြည်နယ်သို့ သွားရောက်ရာလမ်းခရီး၌ တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ပြတိုက်နှင့် ဆားငံရေကန် တည်ရှိသော ဆန်ရှီးပြည်နယ် ယွန်ချိန်မြို့ကိုလည်း မေ ၁၆ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ယွန်ချိန်ပြတိုက်ရှိ နိုင်ငံ့ရတနာအချို့ပါဝင်သည့် အဖိုးထိုက်တန်သော ယဉ်ကျေးမှု အမွေအနှစ်များကလည်း လူသားမျိုးနွယ်၊ ယဉ်ကျေးမှုနှင့် လူမှုဘဝတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ သမိုင်းကြောင်းကို သက်သေပြုလျက်ရှိကြောင်း ရှီက ဆိုသည်။ (Xinhua)
……………………………….
(English Version)
Xi calls on Shaanxi to write new chapter in advancing Chinese modernization
XI’AN, Shaanxi/YUNCHENG, Shanxi, May 17 (Xinhua) — President Xi Jinping has called on northwest China’s Shaanxi Province to give full play to its strengths and play an exemplary role in advancing Chinese modernization in the country’s western region.
Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, made the remarks Wednesday while hearing a report on the work of the CPC Shaanxi Provincial Committee and the provincial government at a meeting ahead of the upcoming China-Central Asia Summit, which will be presided over by Xi in Xi’an, the capital city of Shaanxi Province.
Shaanxi should prioritize the primary task of promoting high-quality development, base its work on local reality, and actively integrate into and work for the creation of a new development pattern, Xi said.
On his way to Shaanxi, Xi inspected the city of Yuncheng in north China’s Shanxi Province, where he visited a museum and a salt lake Tuesday afternoon.
Valuable cultural relics in the Yuncheng Museum, some of which are national treasures, are witnesses to the Chinese history of humanity, culture and civilization, he said.
Photo 1: Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, delivers an important speech while hearing a report on the work of the CPC Shaanxi Provincial Committee and the provincial government at a meeting on May 17, 2023, ahead of the upcoming China-Central Asia Summit, which will be presided over by Xi in Xi’an, northwest China’s Shaanxi Province. (Xinhua/Li Xueren)