Connect with us

Videos

၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်လှစ်၊ အာဆီယံ ဗဟိုပြုမှု၊ စီးပွားရေးတိုးတက်မှု အလေးထားဖော်ပြ

အင်ဒိုနီးရှား၊ မေ ၁၁ ရက် (ဆင်ဟွာ)

၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Labuan Bajo မြို့တွင် မေ ၁၀ ရက် နံနက်ပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၌ ပင်မအခန်းကဏ္ဍမှ ပါဝင်ရန် အာဆီယံ စည်းလုံးမှုနှင့် စီးပွားရေးပေါင်းစည်းမှုအတွက် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တိုက်တွန်းပြောကြားခဲ့သည်။“စည်းလုံးမှုနဲ့အတူ အာဆီယံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိးတက်ရေးကို ဆောင်ကြဉ်းလာပေးမယ့် အဓိကပါဝင်သူဖြစ်ပါလိမ့်မယ်” ဟု ၎င်းက အစည်းအဝေး အဖွင့်မိန့်ခွန်း၌ မှတ်ချက်ပြုခဲ့သည်။

“အနာဂတ်မှာ အာဆီယံဟာ စီးပွားရေး ပေါင်းစည်းမှုအားကောင်းဖို့၊ ဒေသတွင်း စီးပွားရေးဘက်စုံ မိတ်ဖက်ဆက်ဆံမှု (RCEP) အပါအဝင် အလုံးစုံပူးပေါင်းဆောင်ရွက်မှု ခိုင်မာဖို့၊ ကျန်းမာရေး၊ အစားအသောက်နှင့် စွမ်းအင်တည်ဆောက်ပုံ စတာတွေအပြင် ငွေကြေးတည်ငြိမ်ရေး ထိန်းသိမ်းမှု တောင့်တင်းခိုင်မာဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးက အရှေ့တီမောနိုင်ငံ၏ တင်းပြည့်အဖွဲ့ဝင်ဆိုင်ရာ လမ်းပြမြေပုံ ထုတ်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ယမန်နှစ် နိုဝင်ဘာလက အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို အာဆီယံက အခြေခံအားဖြင့် သဘောတူခဲ့သည်။ အရှေ့တီမောနိုင်ငံ ဝန်ကြီးချုပ် Taur Matan Ruak သည် ယင်းထိပ်သီးအစည်းအဝေး၌ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) အား ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။အာဆီယံထိပ်သီးအစည်းအဝေးအား တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပကြောင်း သိရသည်။ (Xinhua)
………………………………
42nd ASEAN Summit opens, highlighting ASEAN centrality, economic growth
LABUAN BAJO, Indonesia, May 10 (Xinhua) — The 42nd Association of Southeast Asian Nations (ASEAN) Summit formally kicked off in the town of Labuan Bajo in eastern Indonesia on Wednesday morning, with Indonesian President Joko Widodo urging ASEAN unity and economic integration for the regional bloc to play a central role in regional peace and development.
“With unity, ASEAN will be able to be a central player in bringing peace and development,” he noted in his opening address.
“In the future, ASEAN must strengthen its economic integration, strengthen inclusive cooperation, including the implementation of RCEP (Regional Comprehensive Economic Partnership), and strengthen the health, food, and energy architecture, as well as maintain the financial stability,” he said.
The summit is expected to produce a roadmap for Timor-Leste’s full membership. Last November, ASEAN agreed in principle to admit Timor-Leste to be its 11th member. Timor-Leste’s Prime Minister Taur Matan Ruak was present at the summit in observer’s status.
The ASEAN, founded in 1967, groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
ASEAN Summit is held twice a year.
Xinhua News Agency correspondents reporting from Labuan Bajo, Indonesia.
(XHTV)