Connect with us

China

ယူနက်စကို စာရင်းဝင် ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများအတွက် ပထမဆုံး နောက်ခံစစ်တမ်းကောက်ယူမှု ပြီးစီး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ရှီးဟူရေကန်တွင် ခရီးသွားဧည့်သည်များ လှေစီးနေသည်ကို ၂၀၂၃ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့ရှိ ရှီးဟူရေကန်တွင် ငါးမျိုးစိတ်မျိုးကွဲများ၏ ပထမဆုံး နောက်ခံစစ်တမ်းကောက်ယူမှု ပြီးစီးသွားပြီဖြစ်ကာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော ရှီးဟူရေကန်၌ ဂေဟဗေဒစနစ်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် သိပ္ပံနည်းလမ်းကျ တိုးတက်ရေးနည်းလမ်းကို လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် အမျိုးသားနေ့အားလပ်ရက်အတွင်း ရှီးဟူရှုမျှော်ခင်းနေရာ၌ လှေစီးနေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းစစ်တမ်းကောက်ယူမှုအတွင်း သုတေသီများက အဆိုပါရေကန်အတွင်း ငါးကြင်းမြီးကွက် အပါအဝင် ငါးမိသားစု ၉ ခုနှင့် မျိုးစု ၂၈ ခု တွေ့ရှိခဲ့ကြောင်း စာရင်းအင်းများ၌ ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ငါးမျိုးစိတ်များ၏ ပေါင်းစပ်ဖွဲ့စည်းမှုနှင့် မတူညီသော ငါးအမျိုးအစား အရေအတွက်နှင့် အလေးချိန်အချိုးအစား စသည်တို့ကို ဖော်ပြထားသည်။

အဆိုပါ ရေကန်သို့ ယခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၃ ရက်အထိ ကြာမြင့်သော မေဒေးအားလပ်ရက်အတွင်း ခရီးသွားဧည့်သည် ၂.၈ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ၂၀၁၉ ခုနှစ် အလားတူကာလထက် ၁၄.၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ရှီးဟူရေကန်ကို ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းခဲ့သည်။ (Xinhua)
………………………………
(English Version)
UNESCO site West Lake completes 1st background survey of fish diversity
HANGZHOU, May 15 (Xinhua) — Researchers have completed the first background survey of fish diversity in the West Lake in the eastern Chinese city of Hangzhou, paving the way for the scientific improvement of the ecological environment of the UNESCO World Heritage site.
During the survey, researchers identified 36 fish species in the inland lake — including the crucian carp — belonging to nine families and 28 genera, with the carp family dominating, statistics show.
The survey was conducted between 2021 and 2022, and it shed light on the composition of fish species as well as the quantities and weight proportions of different types of fish.
The site received more than 2.8 million tourist trips during this year’s May Day holiday, which lasted from April 29 to May 3. That figure was up 14.24 percent from the same period in 2019.
In 2011, UNESCO added West Lake to its World Heritage List.
Photo 1, 2: This aerial photo taken on May 1, 2023 shows tourists taking boats on the West Lake in Hangzhou, east China’s Zhejiang Province. (Photo by Long Wei/Xinhua)
Photo 2: Tourists take boats at the West Lake scenic area during the National Day holiday in Hangzhou, east China’s Zhejiang Province, Oct. 2, 2022. (Xinhua/Xu Yu)