Connect with us

China

တရုတ်နိုင်ငံ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှု ပထမလေးလအတွင်း ၄.၇ ရာခိုင်နှုန်းမြင့်တက်လာ

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၃ ခုနှစ် ပထမလေးလပတ်တွင် ယမန်နှစ်ကာလတူထက် ၄.၇ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ မေ ၁၆ ရက်ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီလမှ ဧပြီလအထိ မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ယွမ် ၁၄.၇၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၁၂ ထရီလီယံ) ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုဂ္ဂလိကကဏ္ဍ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု ပထမလေးလအတွင်း ယမန်နှစ်ကာလတူထက် ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ယမန်နှစ်ကာလတူထက် ၈.၃ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ယင်းအနက် သတ္တုတွင်းလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ထုတ်လုပ်မှုကဏ္ဍတွင် ၆.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ လျှပ်စစ်ကဏ္ဍ၊ အပူပေးစနစ်ကဏ္ဍ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ရေရရှိရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု ၂၄.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။

အခြေခံအဆောက်အအုံတည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမှုမှာ ယမန်နှစ်ကာလတူထက် ၈.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ယင်းအနက် ရထားပို့ဆောင်ရေးတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၁၄ ရာခိုင်နှုန်း၊ ရေအရင်းအမြစ် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုတွင် ၁၀.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဒေသများအလိုက်ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ၉.၈ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံအနောက်ပိုင်းတွင် ၃.၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ (Xinhua)

……………………………..
(English Version)
China’s fixed-asset investment up 4.7 pct in first four months
BEIJING, May 16 (Xinhua) — China’s fixed-asset investment went up 4.7 percent year on year in the first four months of 2023, data from the National Bureau of Statistics showed Tuesday.
Fixed-asset investment totaled 14.75 trillion yuan (2.12 trillion U.S. dollars) from January to April, the bureau said.
Fixed-asset investment from the private sector rose 0.4 percent year on year in the first four months.
Industrial investment surged 8.3 percent year on year. Of the total, investment shrank by 2.2 percent in the mining industry, but went up 6.4 percent in the manufacturing sector. Investment in the supply of electricity, heating, gas, and water soared 24.4 percent.
Investment in infrastructure construction went up 8.5 percent year on year. Of the total, investment expanded 14 percent in railway transportation and 10.7 percent in water conservancy management.
In terms of regions, investment gained 9.8 percent in northeastern China, 6.2 percent in eastern China and 3.2 percent in western China, but dropped by 1.3 percent in central China. ■