Connect with us

Europe

ဘောလ်တစ်ပင်လယ်ပေါ်ဝယ် နေတိုးစစ်လေယာဉ်များကို ရုရှားတိုက်လေယာဉ် လိုက်ပါစောင့်ကြပ်

Su-27 တိုက်လေယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ -Russian Defense Ministry)

မော်စကို၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဘောလ်တစ်ပင်လယ်ပေါ်တွင် ဂျာမန်နှင့် ပြင်သစ် စစ်လေယာဉ်များကို လိုက်ပါစောင့်ကြပ်ရန် ရုရှားတိုက်လေယာဉ်တစ်စင်း မေ ၁၅ ရက်က အရေးပေါ်ပျံတက်သွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဘောလ်တစ်ပင်လယ်ပေါ်ရှိ ရုရှားနိုင်ငံပိုင် နယ်စပ်သို့ ပစ်မှတ်နှစ်ခုချဉ်းကပ်လာကြောင်း ရုရှားရေပိုင်နက်ထိန်းချုပ်ရေးက တွေ့ရှိခဲ့ပြီး Su-27 တိုက်လေယာဉ်က ချက်ချင်းပျံတက်သွားခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါပစ်မှတ်များမှာ ဂျာမန်ရေတပ်၏ P-3C Orion ကင်းလှည့်လေယာဉ်နှင့် ပြင်သစ်ရေတပ်၏ Atlantique-2 ရေငုပ်သင်္ဘောဖျက်ကင်းလှည့်လေယာဉ်များဖြစ်ကြောင်း သိရှိပြီးနောက် ထိုလေယာဉ်များ ရုရှားလေပိုင်နက်နယ်စပ်မှ ကျော်လွန်သွားသည့်တိုင်အောင် လိုက်ပါစောင့်ကြပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့လိုက်ပါစောင့်ကြပ်ရေးမစ်ရှင်ကို ကြားနေရေပြင်ပေါ်တွင် လေပိုင်နက်အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာဥပဒေများအတိုင်း တင်းကြပ်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

………………………………………
(English Version)
Russian fighter escorts NATO military planes over Baltic Sea

MOSCOW, May 15 (Xinhua) — A Russian fighter jet was scrambled on Monday to accompany a German and a French military aircraft over the Baltic Sea, the Russian Defense Ministry said.
Russian airspace control detected two targets approaching the Russian state border over the Baltic Sea and a Su-27 fighter took off in response, the ministry said in a statement.
After identifying the objects as a P-3C Orion patrol aircraft of the German Navy and an Atlantique-2 anti-submarine patrol aircraft of the French Navy, the Russian crew escorted the foreign planes until they flew away from the Russian border, the statement said.
The escort mission was carried out in strict accordance with international rules for the use of airspace over neutral waters, the statement added.

Photo: File photo of a Su-27 fighter (Russian Defense Ministry)