Connect with us

China

တရုတ်နှင့် ဖိလစ်ပိုင်က RCEP စည်းကြပ်ခွန်များ အကောင်အထည်ဖော်မည်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟွိုင်ဟွေမြို့တွင် ပထမဆုံး ဟူနန် (ဟွိုင်ဟွေ) RCEP စီးပွားရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲအတွင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထုတ်ကုန်များကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အရောင်းမြှင့်တင်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံမှ သွင်းကုန်များဆိုင်ရာ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အရ ၎င်းတို့ကတိပြုထားသော စည်းကြပ်ခွန်နှုန်းထားများကို ယခုနှစ် ဇွန် ၂ ရက်၌ စတင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်စည်းကြပ်ရေးကော်မရှင်က ပြောကြားခဲ့သည်။

နောက်ဆက်တွဲနှစ်များအတွက် နှစ်ပတ်လည်နှုန်းထားများကို နှစ်စဉ် ဇန်နဝါရီလတိုင်း၌ အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ယခုနှစ် ဇွန် ၂ ရက်၌ ဆောင်ရွက်မည့် အဆိုပါ အပြောင်းအလဲသည် RCEP သဘောတူညီချက်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံလုံးအတွက် အကျိုးသက်ရောက်မည်ဖြစ်သည်။

RCEP သဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်၌ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ ၁၅ နိုင်ငံဖြစ်သော အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများက ၂၀၁၂ ခုနှစ်မှစတင်၍ ၈ နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
China, Philippines to implement RCEP tariffs
BEIJING, May 15 (Xinhua) — China will adopt the tariff rates it pledged under the Regional Comprehensive Economic Partnership (RCEP) agreement on certain imports from the Philippines on June 2 this year, the Customs Tariff Commission of the State Council has said.
The annual rates for subsequent years will be implemented on Jan. 1 each year.
The move means that by June 2 this year, the RCEP agreement will be in effect for all 15 members.
The RCEP agreement was signed on Nov. 15, 2020, by 15 countries in the Asia-Pacific region — 10 members of the Association of Southeast Asian Nations, China, Japan, the Republic of Korea, Australia and New Zealand — after eight years of negotiations, which started in 2012.
Photo: Staff members promote products of intangible cultural heritage via livestreaming during the First Hunan (Huaihua) RCEP Economic and Trade Expo in Huaihua City, central China’s Hunan Province, May 5, 2023. (Xinhua/Yu Chunsheng)