Connect with us

Economy

တရုတ်နိုင်ငံ အလယ်ပိုင်း လေကြောင်းအချက်အချာနေရာနှင့် တူရကီနိုင်ငံကြား ကုန်တင်လေကြောင်းလိုင်းသစ် ချိတ်ဆက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးရှိ ရှင်းကျိန့်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ Russian AirBridgeCargo ကုန်တင်လေယာဉ်တစ်စင်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ မေ ၁၇ ရက် (ဆင်ဟွာ)

တူရကီလေကြောင်းလိုင်း ကုန်တင်လေယာဉ် တစ်စင်းသည် Zhengzhou Xinzheng အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၇ ရက်က ဆိုက်ရောက်လာခဲ့ပြီး အစ္စတန်ဘူမြို့နှင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် မြို့တော် ကျိန့်ကျိုးကြား ကုန်တင်လေကြောင်းလိုင်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းကုန်တင်ဝန်ဆောင်မှုတွင် A330-200F လေယာဉ်ကို အသုံးပြုခဲ့ပြီး တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲလျက်ရှိသည်။ကုန်တင်လေကြောင်းလိုင်းဖွင့်လှစ်ခြင်းသည် တရုတ်နိုင်ငံနှင့် တူရကီနိုင်ငံသာမက ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ကိုလည်းပဲ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

ကျိန့်ကျိုး အကောက်ခွန်ဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း ဟဲနန်နှင့် တူရကီကြား စုစုပေါင်း သွင်းကုန်၊ ပို့ကုန်ပမာဏမှာ ယွမ် ၃.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၅၇.၉ သန်းခန့်) ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၂၄.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံမှ သွင်းကုန်များမှာ အဓိက သတ္တုရိုင်းများအပြင် အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြီး ပို့ကုန်များတွင်မူ အများအားဖြင့် စက်မှုနှင့် လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်များ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အဓိက လေဆိပ် သယ်ပို့ဆောင်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သဖြင့် ကျိန့်ကျိုးမြို့ရှိ လေဆိပ်သည် နှစ်စဉ် ကုန်စည် တန်ချိန် ၇၀၀,၀၀၀ ကျော် ကုန်သွယ်နိုင်ခဲ့ပြီး ၎င်း၏လေကြောင်းကွန်ရက်ကလည်း ကမ္ဘာတစ်ဝန်း အဓိကနိုင်ငံများနှင့် ချိတ်ဆက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
New air cargo route links central China air hub, Türkiye
ZHENGZHOU, May 17 (Xinhua) — A Turkish Airlines cargo plane arrived at the Zhengzhou Xinzheng International Airport on Tuesday, marking the launch of the air cargo route linking Istanbul with Zhengzhou, the capital city of central China’s Henan Province.
The cargo service uses an A330-200F aircraft and runs three times a week.
The opening of the cargo route is expected to enhance economic and trade links not only between China and Türkiye, but also along the Belt and Road.
Zhengzhou Customs data shows that in the first four months of 2023, the total value of imports and exports between Henan and Türkiye amounted to 3.2 billion yuan (about 457.9 million U.S. dollars), up 24.5 percent year on year.
Imports from Türkiye were mainly ores as well as clothing and accessories, while exports were composed mostly of mechanical and electrical products.
As a major airport logistics hub in China, the airport in Zhengzhou boasts an annual cargo throughput of more than 700,000 tonnes, and its airline network covers major economies around the world.
Photo: Staff prepare to load an air freighter of Russian AirBridgeCargo at Xinzheng International Airport in Zhengzhou, central China’s Henan Province, Dec. 30, 2021. (Xinhua/Li Jianan)