Connect with us

Economy

တရုတ်နိုင်ငံက ဇန်နဝါရီလမှ ဧပြီလအတွင်း မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု ၅၆ ခု ခွင့်ပြု

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနမှ ၂၀၂၃ ခုနှစ်ပထမလေးလအတွင်း မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု (FAI) စီမံကိန်းပေါင်း ၅၆ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၃၇၈.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၄.၂၅ ဘီလီယံခန့်) ရှိကြောင်း မေ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါစီမံကိန်းများမှာ အဓိကအားဖြင့် နည်းပညာမြင့်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ရေအရင်းအမြစ် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှု တို့ ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ သိရသည်။

ဧပြီလတစ်လတည်းတွင် ယွမ် ၉၈ ဘီလီယံတန်ဖိုးရှိ FAI စီမံကိန်းပေါင်း ၁၄ ခုကို ခွင့်ပြုခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ဇန်နဝါရီမှ ဧပြီလအတွင်း တရုတ်စီးပွားရေး၏ မောင်းနှင်အားတစ်ခုဖြစ်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှုမှာ ၄.၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ သိရသည်။ (Xinhua)

———————

China approves 56 fixed-asset investment projects in Jan-April
BEIJING, May 17 (Xinhua) — China’s top economic planner approved 56 fixed-asset investment (FAI) projects in the first four months of the year, with combined investment totaling 378.4 billion yuan (about 54.25 billion U.S. dollars), official data showed Wednesday.
The projects were mainly in the high-tech, energy and water conservancy industries, according to the National Development and Reform Commission.
In April alone, 14 FAI projects worth 98 billion yuan were approved, the data revealed.
Fixed-asset investment, one of the drivers of China’s economy, went up 4.7 percent in the January to April period, according to data from the National Bureau of Statistics. ■