Connect with us

Science & Technology

တရုတ်နိုင်ငံက စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်ဖြင့်မြှင့်တင်မည်

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ခေတ်မီစက်မှုစနစ်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးစီမံကိန်းက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်အသစ်၊ ပစ္စည်းကိရိယာအသစ်များနှင့် အဆင့်မြင့်စက်ယန္တရားများ အပါအဝင် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက မုံ့ဝေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆင့်မြင့်နည်းပညာများကို သုတေသနပြုခြင်း၊ အသုံးချခြင်းများကို အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများ၏ ဘက်ပေါင်းစုံ စုပေါင်း ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း မုံ့ က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မှန်ကန်သောစီးပွားရေးဖြင့် ကျောထောက်နောက်ခံပြုထားသော ဘက်စုံ၊ အဆင့်မြင့်ပြီး လုံခြုံသော ခေတ်မီစက်မှုစနစ်တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်သင့်ကြောင်း ယခုလအစောပိုင်းတွင် ပြုလုပ်သည့် အဓိကအစည်းအဝေးတစ်ခုအရ သိရသည်။ (Xinhua)
————————–

China to foster new engines for industrial development
BEIJING, May 17 (Xinhua) — China will continue to foster new engines for industrial development, as part of efforts to build a modern industrial system, the country’s economic planner said Wednesday.
The country will double down on efforts to promote the development of advanced manufacturing, including new energy, new materials and high-end equipment, Meng Wei, spokesperson for the National Development and Reform Commission, told a press conference.
The research and application of advanced technologies will be sped up, and the integrated and clustered development of strategic emerging industries will be advanced, Meng added.
China should speed up the construction of a modern industrial system that is backed by the real economy and that is holistic, advanced and secure, according to a key meeting earlier this month.