Connect with us

Videos

ပါကစ္စတန်နိုင်ငံရှိ CPEC ရေအားလျှပ်စစ်စီမံကိန်း ဆည်အကာအရံ တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး

အစ္စလာမ်မာဘတ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Suki Kinari ရေအားလျှပ်စစ်စီမံကိန်းတွင် ဆည်အကာအရံ တည်ဆောက်ခြင်းလုပ်ငန်းက မေ ၁၅ ရက်တွင် အောင်မြင်စွာပြီးစီးခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းအဆင့်သစ် ဝင်ရောက်ခြင်း အထိမ်းအမှတ်လည်း ဖြစ်ကြောင်း သိရသည်။Kunhar မြစ်ပေါ်ရှိ ကွန်ကရစ်ဆည်ကို အောင်မြင်စွာကာရံနိုင်ခဲ့ခြင်းဖြင့် ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် Mansehra ခရိုင်တွင် တည်ရှိပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်ရာ၌ အထောက်အကူဖြစ်စေမည်ဖြစ်သည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၉၆ ဘီလီယံခန့်ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
——————

CPEC hydropower project achieves dam capping in Pakistan
Pakistan’s Suki Kinari Hydropower project in the northwestern part of the country achieved the dam capping on Monday, marking its entering of a new construction stage.
The successful capping of the concrete dam on the Kunhar River will help advance the construction progress of the power station under the China-Pakistan Economic Corridor (CPEC).
The hydropower project started construction in January 2017 with a total investment of about 1.96 billion U.S. dollars.
Xinhua News Agency correspondents reporting from Islamabad.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.