Connect with us

Science & Technology

တရုတ်နိုင်ငံက BeiDou တည်နေပြဂြိုဟ်တုသစ် လွှတ်တင်

ရှီးချန်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေရာပြဂြိုဟ်တုအသစ်တစ်စင်းကို မေ ၁၇ ရက်၌ အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။အဆိုပါ ဂြိုဟ်တုကို Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၁၀:၄၉ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုမှာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ဝင်ရောက်ကာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း စမ်းသပ်မှုများ ပြီးစီးပါက BeiDou တည်နေရာပြဂြိုဟ်တုစနစ်နှင့် ချိတ်ဆက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေပြဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၁၇ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ယင်းဂြိုဟ်တုသည် BeiDou မိသားစု၏ ၅၆ ခုမြောက် ဂြိုဟ်တုဖြစ်ပြီး တရုတ်နိုင်ငံ၏ BeiDou တည်နေရာပြဂြိုဟ်တုစနစ်အတွက် ပထမဆုံး အရန်ဂြိုဟ်တုလည်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေပြဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၁၇ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေပြဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၁၇ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေပြဂြိုဟ်တုအသစ် တင်ဆောင်ထားသော Long March-3B သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၁၇ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဂြိုဟ်တုက ဆက်သွယ်ရေးစွမ်းဆောင်မှုစနစ်၏ ဒေသတွင်း စာတိုပို့လုပ်ဆောင်မှုကို ချဲ့ထွင်ပေးခြင်း၊ တည်နေရာမှန်ကန်မှု မြှင့်တင်ခြင်းနှင့် ကွန်ရက် ရရှိနိုင်မှုနှင့် တည်ငြိမ်မှုကို တိုးမြှင့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ယခုအကြိမ် လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံ၏ ၄၇၃ ကြိမ်မြောက် လွှတ်တင်မှုလည်း ဖြစ်သည်။ (Xinhua)

………………………………

China launches new BeiDou navigation satellite
XICHANG, May 17 (Xinhua) — China on Wednesday sent a new BeiDou navigation satellite into space from the Xichang Satellite Launch Center in southwest China’s Sichuan Province.
The satellite was launched at 10:49 a.m. (Beijing Time) by a Long March-3B carrier rocket. It will be connected to the BeiDou Navigation Satellite System after it enters orbit and completes in-orbit tests.
The satellite, designed to enter the geostationary earth orbit, is the 56th of the BeiDou family and also the first backup satellite for the country’s BeiDou-3 Navigation Satellite System.
The satellite will expand the communication capacity of the system’s regional short-messaging function, enhance positioning accuracy and promote the network’s availability and stability.
The mission marked the 473rd flight of the Long March carrier rockets.
Photo 1: A new BeiDou navigation satellite carried by a Long March-3B carrier rocket is launched from the Xichang Satellite Launch Center in southwest China’s Sichuan Province May 17, 2023. (Photo by Yang Zhiyuan/Xinhua)