Connect with us

Politics, Law & Military

တရုတ်က စင်ကာပူနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မျှဝေရန်အသင့်ရှိ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lawrence Wong တို့ မြို့တော် ပေကျင်းတွင် ၂၀၂၃ ခုနှစ် မေ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အလည်အပတ်ရောက်ရှိနေသော စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lawrence Wong နှင့် ပေကျင်းမြို့၌ မေ ၁၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံ ခေါင်းဆောင်များသည် အားလုံးပါဝင်သော အရည်အသွေးမြင့်မားသော အနာဂတ်မျှော်လင့်ချက် မိတ်ဖက်ဆက်ဆံရေးဆီသို့ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း ၄၅ နှစ်မြောက် အထိမ်းအမှတ်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အကျိုးစီးပွားများ နီးကပ်စွာ ပေါင်းစည်းခြင်းဖြင့် တရုတ်၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ၌ တက်ကြွစွာပါဝင်လျက်ရှိကြောင်း လီက ပြောခဲ့သည်။ တရုတ်နိုင်ငံကလည်း စင်ကာပူနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ မျှဝေလိုကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒလုပ်ငန်းစဉ်၌ ဆက်လက်ပါဝင်နိုင်ပါရန် စင်ကာပူအား ကြိုဆိုကြောင်း လီက ဖြည့်စွက်ပြောခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်အဆင့်၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလုပ်ထုံးလုပ်နည်းက နယ်ပယ်စုံ အလုံးစုံမြှင့်တင်ရာတွင် အပြည့်အဝပါဝင်ကာ အရည်အသွေးမြင့်ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နှစ်နိုင်ငံပြည်သူများကြား မကြာခဏ အလည်အပတ်ခရီးစဉ်များ တိုးမြှင့်ရန် စင်ကာပူနိုင်ငံနှင့်အတူ ဝန်ထမ်းရေးရာ ကူးလူးဆက်ဆံမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်မှုများကို ပိုမိုဆွေးနွေးရန် ဆန္ဒရှိကြောင်းလည်း လီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………………
China ready to share development opportunities with Singapore: premier
BEIJING, May 16 (Xinhua) — Chinese Premier Li Qiang on Tuesday met with the visiting Deputy Prime Minister and Minister for Finance of Singapore Lawrence Wong in Beijing.
Noting the countries’ leaders have upgraded bilateral ties to an all-around high-quality future-oriented partnership, Li said.
Mentioning this year marks the 45th anniversary of China’s reform and opening up, Li said Singapore has actively participated in China’s reform and opening up, with its interests closely integrated with China. China is willing to share the opportunities for development with Singapore and welcomes Singapore to continue participating in China’s reform and opening-up process, Li added.
It is hoped that the bilateral cooperation mechanism at the vice-premier level would get full play and high-quality cooperation in various fields promoted holistically, the premier said.
China is willing to discuss more measures to facilitate personnel exchanges with Singapore to promote the frequent visits between the two peoples, Li added.
Photo: Chinese Premier Li Qiang meets with Deputy Prime Minister and Minister for Finance of Singapore Lawrence Wong in Beijing, capital of China, May 16, 2023. (Xinhua/Zhang Ling)