Connect with us

Politics, Law & Military

ရှီက တရုတ်ရေနက်ပိုင်းငါးဖမ်းသင်္ဘော နစ်မြုပ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်လုပ်ဆောင်ရန် ညွှန်ကြား

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယသမုဒ္ဒရာ အလယ်ပိုင်းတွင် မေ ၁၆ ရက်က တရုတ်ရေနက်ပိုင်း ငါးဖမ်းသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရန် အစွမ်းကုန်ကြိုးပမ်း အားထုတ်ရန် ညွှန်ကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက မေ ၁၆ ရက်၊ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် မတော်တဆမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာဌာနများအား အရေးပေါ်တုံ့ပြန်မှုယန္တရားများ ချက်ချင်းလျင်မြန်စွာဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

အဆိုပါမတော်တဆမှုဖြစ်စဉ်ကြောင့် သင်္ဘောပေါ်တွင် လိုက်ပါသွားသူ ၃၉ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)
—————–
Xi orders all-out rescue efforts after Chinese deep-sea fishing vessel capsizes
BEIJING, May 17 (Xinhua) — Chinese President Xi Jinping has demanded all-out efforts in the rescue of the missing people after a Chinese deep-sea fishing vessel capsized Tuesday in the central Indian Ocean.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the instruction following the incident that occurred around 3 a.m. Tuesday, urging relevant departments to activate the emergency response mechanism immediately.
The incident has so far left 39 people on board missing. ■