Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ဇွန်လ၌ မိုးခေါင်မှုစတင်သဖြင့် အယ်နီညိုသတိပေးချက်ထုတ်ပြန်

ဖိလစ်ပိုင်နိုင်ငံ၊ La Union ပြည်နယ်ရှိ ကမ်းခြေတစ်ခု တွင် လာရောက်ကြသူများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ မေ ၂ ရက် (ဆင်ဟွာ)

ဖိလစ်နိုင်ငံမိုးလေဝသဌာနက အယ်နီညိုဖြစ်စဉ်သတိပေးချက်ကို မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပူပြင်းသည့်ရာသီသည် ၂၀၂၃ ခုနှစ် ဇွန်လ မှ ဩဂုတ်အထိဖြစ်ပေါ်နိုင်ကြောင်းနှင့် ယင်းအယ်နီညိုဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်အထိ ဆက်လက်ရှိနိုင်ကြောင်း သိရသည်။

“လတ်တလောအခြေအနေများနှင့် မိုးလေဝသခန့်မှန်းမှုပုံစံအရ အယ်နီညိုက လာမည့် (ဇွန်လ-ဩဂုတ်လ) တွင် ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ရှိကြောင်းနှင့် အယ်နီညိုဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ပထမ သုံးလပတ်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း’’ ဖိလစ်ပိုင် လေထုဆိုင် ရာ၊ ဘူမိရူပဗေဒဆိုင်ရာ နှင့်နက္ခတ္တဗေဒလုပ်ငန်းများစီမံခန့်ခွဲရေးအဖွဲ့(PAGASA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ဖြစ်ပေါ်ခြင်းနှင့်အတူ အယ်နီညိုသတိပေးချက်ကို တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်နိုင်ငံမိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အယ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအီကွေတာအလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် ပုံမှန်မဟုတ်သော၊ ပုံမှန်ထက်ပူနွေးသော ပင်လယ်ရေမျက်နှာပြင်အပူချိန် မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
အယ်နီညိုဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ နေရာတစ်ချို့တွင် ခြောက်သွေ့ခြင်း၊ မိုခေါင်ခြင်း စသည့်အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည့် မိုးရွာသွန်းမှုဖြစ်စဉ်များပုံမှန်ထက်လျော့နည်းမှုပိုမိုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့သော်လည်းအနောက်တောင်မုတ်သုံ ရာသီအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် ပုံမှန်ထက်ပိုသော မိုးရွာသွန်းမှုများဖြစ်နိုင်သည်ဟု မျှော်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Philippines raises El Nino alert as dry spell starts in June
MANILA, May 2 (Xinhua) — The Philippine state weather bureau on Tuesday raised the El Nino alert, saying the dry season may occur from June to August this year and persist until the first quarter of 2024.
“Recent conditions and model forecasts indicate the El Nino may emerge in the coming season (June-August) at 80 percent probability and may persist until the first quarter of 2024,” the Philippine Atmospheric, Geophysical and Astronomical Services Administration (PAGASA) said.
With this development, an El Nino alert is officially issued, the bureau added.
El Nino is characterized by unusually warmer-than-average sea surface temperatures at the central and eastern equatorial Pacific.
The bureau said El Nino increases the likelihood of below-normal rainfall conditions, which could have negative impacts such as dry spells and droughts in some areas of the Southeast Asian country.
However, it added that “above-normal rainfall conditions during the southwest monsoon season may also be expected over the western part of the country.”
People are seen at a beach in La Union Province, the Philippines, Oct. 30, 2021. (Xinhua/Rouelle Umali)