Connect with us

China

တရုတ်နိုင်ငံ တာ့လျင်မြို့တွင် ရေအောက်လမ်းဥမင်ဖြတ်သန်းသွားလာရန်ဖွင့်လှစ်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျင်မြို့ရှိ ရေအောက်လမ်းဥမင်ကို ၂၀၂၃ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လျင်၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် တာ့လျင်ကမ်းရိုးတန်းမြို့ရှိ ရေအောက်လမ်းဥမင်ကို ဖြတ်သန်းသွားလာရန် မေ ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တာ့လျင်ပင်လယ်အော်အောက်ရှိ နှစ်လမ်းသွား ခြောက်လမ်း မြို့ပြအဝေးပြေးလမ်းပါဝင်သော အဆိုပါ ဥမင်သည် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ပထမဆုံးရေအောက်ဥမင်လမ်းဖြစ်ကြောင်း Dalian Bay Undersea Tunnel ကုမ္ပဏီလီမိတက် လက်ထောက် အင်ဂျင်နီယာချုပ် Sun Zhu က ပြောခဲ့သည်။ ယင်းကုမ္ပဏီသည် ဥမင်တည်ဆောက်၊ လည်ပတ်မှုအတွက် တာဝန်ယူထားသောကုမ္ပဏီဖြစ်သည်။

၅.၁ ကီလိုမီတာရှည်လျားသော ဥမင်အတွင်း မော်တော်ယာဉ်ဖြတ်သန်းသွားလာရန် တစ်နာရီလျှင် ၆၀ ကီလိုမီတာ အမြန်နှုန်းအနေဖြင့် မောင်းနှင်ရန် ပုံစံထုတ်လုပ်ထားကြောင်း Sun က ဆိုသည်။ ယင်းဥမင်ကို အချိန် ၄ နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာ့လျင်ပင်လယ်အော် မြောက်ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းများကို ချိတ်ဆက်ထားသော လမ်းဥမင်ကို မေ ၁ ရက်၌ စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှော့နည်းစေရန်နှင့် တာ့လျင်မြို့ရှိ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက် နေရာကျယ်ဝန်းစေရန် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Undersea road tunnel opens to traffic in China’s Dalian

DALIAN, May 1 (Xinhua) — An undersea road tunnel opened to traffic on Monday in Dalian, a coastal city in northeast China’s Liaoning Province.
The tunnel, accommodating a two-way six-lane urban expressway beneath Dalian Bay, is the first immersed tube undersea tunnel in north China, said Sun Zhu, deputy chief engineer of Dalian Bay Undersea Tunnel Co., Ltd., which is in charge of building and operating the tunnel.
The designed traffic speed in the 5.1-km tunnel is 60 km per hour, said Sun. Construction of the tunnel took some four years.
The road connecting the tunnel went operational on Monday, linking the northern and southern coasts of Dalian Bay, helping to alleviate traffic congestion and expand the space for urban development in Dalian.
Photo: This photo taken on April 30, 2023 shows an undersea road tunnel in Dalian, northeast China’s Liaoning Province. (Xinhua)