Connect with us

Media

တရုတ်-နီပေါ နယ်စပ်ရှိ ကုန်းတွင်းဆိပ်တွင် အပြန်အလှန် ကုန်သွယ်မှုများ ပြန်လည်စတင်

လားဆ ၊ မေ ၂ ရက်(ဆင်ဟွာ)

တရုတ်-နီပေါ နယ်စပ်ရှိ Zham ဆိပ်ကမ်းသည် မေ ၁ ရက်တွင် အပြန်အလှန် ကုန်သွယ်မှုများအား ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ယွမ် ၁၀၀,၀၀၀ ကျော်(အမေရိကန်ဒေါ်လာ ၁၄,၄၄၂ ) တန်ဖိုးရှိ ကုန်စည်များ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်သုံးစီးသည် နီပေါနိုင်ငံမှ Zham ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ တိဗက်ဒေသ Xigaze မြို့ရှိ ကုန်းတွင်းဆိပ် အပြန်အလှန်ကုန်သွယ်မှုများ ပြန်လည် စတင်ခြင်း အထိမ်းအမှတ် ဖြစ်လာခဲ့ကြောင်း သိရသည်။

Zham ဆိပ်ကမ်းသည် ၂၀၁၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ မြေငလျင်ကြီး လှုပ်ခတ်ကာ ဆိပ်ကမ်း၌ လမ်းများ ၊ တံတားများ နှင့် အဆောက်အဦများ ပျက်စီးသွားခဲ့ပြီးနောက် လုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင် နီပေါနိုင်ငံသို့ ပို့ကုန်များ ခွင့်ပြုရန် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း ယွမ်၂၄၉ သန်း တန်ဖိုးရှိ ကုန်စည် တန်ချိန် ၁၇,၀၀၀ ကျော်အား ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

Land port on China-Nepal border resumes two-way trade
The port of Zham on the China-Nepal border resumed two-way cargo trade on Monday.
Three lorries carrying goods worth more than 100,000 yuan (14,442 U.S. dollars) arrived at the port from Nepal, marking the resumption of the two-way trade of the land port in the city of Xigaze in China’s Tibet.
Zham was forced to stop service after a mega-earthquake hit Nepal in 2015, which destroyed roads, bridges, and facilities at the port. In 2019, it partially reopened to allow exports to Nepal.
In the first quarter of this year, more than 17,000 tonnes of goods worth 249 million yuan were exported through the port.
Xinhua News Agency correspondents reporting from Lhasa, China.
(XHTV)