Connect with us

Science & Technology

ထျန်ဝမ်းနျူကလီးယား စက်ရုံ၏ ယူနစ် ၇ ၏ အရေးပါသော အစိတ်အပိုင်း တပ်ဆင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ထျန်ဝမ်းနျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ယူနစ် ၇ ဓာတ်ပေါင်းဖိုအမိုးခုံး၏ စက်ဝိုင်းပုံခါးပတ်ကို ကရိန်းဖြင့် မတင်နေသည်ကို ၂၀၂၃ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- China National Nuclear Corporation/Handout via Xinhua)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ထျန်ဝမ်းနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ယူနစ် ၇ အဏုမြူဓာတ်ပေါင်းဖိုအမိုးခုံး၏ စက်ဝိုင်းပုံခါးပတ်ကို မေ ၁၉ ရက်က အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ကြောင်း၊ ၎င်းမှာ အဆိုပါယူနစ် စက်ကိရိယာတပ်ဆင်မှုစတင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း နိုင်ငံ၏ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရေးလုပ်ငန်းများအနက် အကြီးဆုံးတစ်ခုဖြစ်သည့် China National Nuclear Corporation (CNNC) အရ သိရသည်။အလေးချိန် ၃၇၅.၅ တန်ရှိသော အမိုးခုံး၏ စက်ဝိုင်းပုံခါးပတ်ကို တန်ချိန် ၂,၀၀၀ အလေးချိန်ရှိသည့် ကရိန်းနှင့် မတင်ကာ အဏုမြူဓာတ်ပေါင်းဖိုထိန်းချုပ်မှုဆလင်ဒါပေါ်တွင် ဖြည်းညင်းစွာ တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမိုးခုံးသည် နျူကလီးယားဓာတ်အားပေးစက်ရုံ ဘေးကင်းရေးအတွက် အရေးပါသည့် အတားအဆီးတစ်ခုဖြစ်သည်။

လက်ရှိတွင် ထျန်ဝမ်းနျူကလီးယား ဓာတ်အားပေးစက်ရုံ၏ ယူနစ် ၆ ခုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ ၃၇၀ ဘီလီယံကျော်ရှိပြီး တရုတ်နိုင်ငံရှိ အိမ်ထောင်စု သန်း ၁၀၀ ကျော်အတွက် အချိန် တစ်နှစ်ခွဲကြာ လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ယူနစ် ၇ နှင့် ယူနစ် ၈ တို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်စွမ်းမှာ ကီလိုဝပ် ၁.၂၆၅ သန်းရှိပြီး နှစ်စဉ် ခန့်မှန်းခြေ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၁၀ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါယူနစ်နှစ်ခုပြီးစီးပြီးနောက် ထျန်ဝမ်းနျူကလီးယားဓာတ်အားပေးစက်ရုံ၏ စုစုပေါင်း တပ်ဆင်စွမ်းအင်ထုတ်လုပ်မှုမှာ ကီလိုဝပ် ၉ သန်းကျော်ရှိမည်ဖြစ်သည်။ ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နှစ်စဉ် သန့်စင်သောလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၇၀ ဘီလီယံကျော် ပံ့ပိုးပေးနိုင်ကာ တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ၅၇.၄ သန်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)

#China #Tianwan #NuclearPowerPlant #တရုတ် #ထျန်ဝမ်း #နျူကလီးယားဓာတ်အားပေးစက်ရုံ

………………………………

Tianwan nuclear power plant installs key component of Unit 7
BEIJING, May 22 (Xinhua) — The circular belt of the reactor dome of the Tianwan nuclear power plant Unit 7 was successfully installed on Friday in east China’s Jiangsu Province, marking the start of the equipment installation of the unit, according to the China National Nuclear Corporation (CNNC), one of the country’s largest nuclear power operators.
Weighing 375.5 tonnes, the circular belt of the dome was lifted by a 2,000-tonne crawler crane and slowly installed on the reactor containment cylinder.
The dome is an important barrier for nuclear power plant safety.
At present, the Tianwan nuclear power plant has had the cumulative safe power generation of its six units exceed 370 billion kWh, which can supply more than 100 million households in China for 1.5 years.
Unit 7, as well as Unit 8, has a capacity of 1.265 million kilowatts and is estimated to generate about 10 billion kilowatts of electricity every year.
After the completion of the two units, the total installed capacity of the Tianwan nuclear power plant will exceed 9 million kilowatts. The power plant can provide more than 70 billion kWh of clean electricity every year, which can reduce carbon dioxide emissions by 57.4 million tonnes annually.
Photo: This photo taken on May 19, 2023 shows a crawler crane lifting the circular belt of the reactor dome of the Tianwan nuclear power plant Unit 7 in east China’s Jiangsu Province. (China National Nuclear Corporation/Handout via Xinhua)