Connect with us

China

တရုတ်နိုင်ငံက ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ထုတ်ဖော်ကြေညာ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်၏ Rongdong ဧရိယာရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသ ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ကြေညာခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) က မေ ၂၃ ရက်၌ ပြောကြားခဲ့သည်။

MIIT ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပေကျင်း၊ ထျန်းကျင်းနှင့် ဟဲပေမှ ဒေသန္တရအစိုးရများက ပူးတွဲထုတ်ပြန်သည့် အဆိုပါ အစီအစဉ်တွင် ယင်းဒေသ၏ ဟန်ချက်ညီမှုရှိသော စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဆင့်မှာ ၂၀၂၅ ခုနှစ်တွင် သိသိသာသာ မြှင့်တင်ပေးမည်ဖြစ်သည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း ယင်းဒေသ၏ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုသည် အထင်ကရ အကျိုးရလဒ်များ ရရှိခဲ့ပြီး ဒေသ၏ စက်မှုလုပ်ငန်းတည်ဆောက်မှုကိုလည်း စဉ်ဆက်မပြတ် ကောင်းမွန်စေကြောင်း MIIT က ဆိုသည်။ (Xinhua)

………………………………
(English Version)
China unveils plan for development of Beijing-Tianjin-Hebei region
BEIJING, May 24 (Xinhua) — China has unveiled a plan for the coordinated development of the Beijing-Tianjin-Hebei region, the Ministry of Industry and Information Technology (MIIT) said on Tuesday.
The plan, jointly issued by the MIIT, the National Development and Reform Commission, the Ministry of Science and Technology, and the local governments of Beijing, Tianjin and Hebei, said that the region’s level of coordinated industrial development will have improved significantly by 2025.
In recent years, the coordinated industrial development of the region has achieved landmark results, and the region’s industrial structure has been continuously optimized, according to the MIIT.
Photo: Aerial photo taken on Aug. 17, 2022 shows a construction site in Rongdong area of Xiong’an New Area, north China’s Hebei Province. (Xinhua/Zhu Xudong)